22 ဧဖရိမ်တောင်ကုန်းများတွင်ပုန်းအောင်းနေ ကြသောသူတို့သည် ဖိလိတ္တိအမျိုးသားတို့ ထွက်ပြေးကြကြောင်းကိုကြားလျှင်လိုက် လံတိုက်ခိုက်ကြ၏။-
23 ဣသရေလအမျိုးသားတို့သည်ဖိလိတ္တိ အမျိုးသားတို့အား ဗေသဝင်မြို့လွန်အောင် လိုက်လံတိုက်ခိုက်ကြ၏။ ထိုနေ့၌ထာဝရ ဘုရားသည်ဣသရေလအမျိုးသား တို့အားကယ်တင်တော်မူသတည်း။
24 ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-
25 သူတို့သည်သစ်တောရှိရာသို့ရောက်ကြ သောအခါ နေရာအနှံ့အပြားတွင်ပျား ရည်များကိုတွေ့ရှိကြ၏။-
26 တောထဲတွင်ပျားရည်ပေါများသော်လည်း ရှောလု၏ကျိန်ဆဲချက်ကိုကြောက်သဖြင့် အဘယ်သူမျှမစားဝံ့။-
27 ယောနသန်မူကားခမည်းတော်ကျိန်ဆဲခဲ့ သည်ကိုမကြားခဲ့ပေ။ ထို့ကြောင့်သူသည် မိမိတွင်ပါသောတုတ်ချောင်းဖြင့် ပျားလပို့ တွင်နှစ်၍ပျားရည်အနည်းငယ်ကိုစားလေ သည်။ ထိုအခါသူသည်ချက်ချင်းပင်လန်း ဆန်း၍လာ၏။-
28 ထို့ကြောင့်တပ်သားတစ်ယောက်က``အကျွန်ုပ် တို့အားလုံးပင်နွမ်းနယ်လျက်နေကြပါ၏။ သို့သော်အရှင့်ခမည်းတော်က`ယနေ့အစား အစာစားသူသည်ကျိန်စာသင့်ပါစေ' ဟု ကျိန်ဆိုထားပါ၏'' ဟုဆို၏။