38 ထိုအခါရှောလုသည်လူတို့၏ခေါင်းဆောင် များအား``ချဉ်းကပ်လာကြလော့။ ယနေ့ငါ တို့အဘယ်အပြစ်ကိုကူးလွန်မိကြသည် ကိုစစ်ဆေးကြလော့။-
39 အပြစ်ရှိသူသည်ငါ၏သားယောနသန်ပင် ဖြစ်စေကာမူသေဒဏ်ခံရလိမ့်မည်ဖြစ် ကြောင်း ဣသရေလအမျိုးသားတို့၏ကယ် တင်ရှင်တည်းဟူသော အသက်ရှင်တော်မူ သောဘုရားကိုတိုင်တည်၍ငါကတိပြုပါ ၏'' ဟုမိန့်တော်မူ၏။ ထိုအခါအဘယ်သူ မျှပြန်လည်လျှောက်ထားခြင်းမပြုကြ သဖြင့်၊-
40 ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။
41 ရှောလုသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအားယနေ့ဖြေကြား တော်မမူပါသနည်း။ အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ကျောက်တော် များအားဖြင့်ကျွန်တော်မျိုးအားဖြေကြားတော် မူပါ။ ယောနသန်၌ဖြစ်စေ၊ ကျွန်တော်မျိုး၌ ဖြစ်စေအပြစ်ရှိပါလျှင်ဥရိမ်ကျောက် မဲကျစေတော်မူပါ။ ကိုယ်တော်ရှင်၏လူမျိုးတော် ဣသရေလအမျိုးသားတို့၌အပြစ်ရှိပါလျှင် သုမိမ်ကျောက်ကိုမဲကျစေတော်မူပါ'' ဟုလျှောက် ထား၏။ ထိုအခါရှောလုနှင့်ယောနသန်တို့တွင် အပြစ်ရှိကြောင်းမဲကျသဖြင့် ဣသရေလ အမျိုးသားတို့အပြစ်လွတ်ကြကုန်၏။-
42 ထိုအခါရှောလုက``ငါ့သားယောနသန်နှင့် ငါ့အားမဲချဦးလော့'' ဟုဆိုလျှင်ယောန သန်မဲကျလေ၏။-
43 ထိုအခါရှောလုသည်ယောနသန်အား``သင် အဘယ်အမှုကိုပြုသနည်း'' ဟုမေး၏။ယောနသန်က``အကျွန်ုပ်သည်ပျားရည်အနည်း ငယ်ကိုစားမိပါ၏။ အမိန့်တော်အတိုင်းသေ ဒဏ်ခံရန်အကျွန်ုပ်အသင့်ရှိပါ၏'' ဟုလျှောက် လျှင်၊
44 ရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။