9 အကယ်၍သူတို့ကငါတို့အားသူတို့ အလာကိုစောင့်ဆိုင်းစေပါမူ ငါတို့သည် ရောက်ရာနေရာတွင်ရပ်၍နေမည်။-
10 သို့ရာတွင်သူတို့ကမိမိတို့ထံသို့လာ ရန်ခေါ်ကြလျှင်မူကား ငါတို့သည်သူတို့ ရှိရာသို့သွားမည်။ ဤသို့ခေါ်ခြင်းသည် ငါတို့အောင်ပွဲရမည်ဖြစ်ကြောင်း ထာဝရ ဘုရားပေးတော်မူသောအမှတ်လက္ခဏာ ဖြစ်မည်'' ဟုဆို၏။
11 ထို့ကြောင့်သူတို့နှစ်ဦးသည်ဖိလိတ္တိအမျိုး သားတို့အားကိုယ်ရိပ်ပြကြ၏။ ဖိလိတ္တိ အမျိုးသားတို့က``ကြည့်လော့။ ဟေဗြဲအမျိုး သားအချို့တို့သည် မိမိတို့ပုန်းကွယ်ရာမြေ တွင်းများမှထွက်လာလေပြီ'' ဟုဆိုပြီး လျှင်၊-
12 ယောနသန်နှင့်သူငယ်အား``ဤအရပ်သို့ လာခဲ့လော့။ သင်တို့အားငါတို့ပြောစရာ ရှိသည်'' ဟုဟစ်အော်၍ဖိတ်ခေါ်ကြ၏။ယောနသန်သည်သူငယ်အား``ငါ့နောက်ကို လိုက်ခဲ့လော့။ ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား အောင်ပွဲကို ပေးတော်မူပြီ'' ဟုဆိုပြီးလျှင်၊-
13 တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-
14 ဤပထမလူသတ်ပွဲတွင်ယောနသန်နှင့် သူငယ်တို့၏လက်ချက်ဖြင့် ဧကဝက်ခန့် ရှိသောနယ်မြေတွင်လူပေါင်းနှစ်ဆယ်ခန့် သေသတည်း။-
15 စစ်မြေပြင်တွင်ရှိသမျှသောဖိလိတ္တိ အမျိုးသားတို့သည်ကြောက်လန့်ကြကုန်၏။ တိုက်ကင်းထွက်လာကြသူများနှင့်တပ် စခန်းရှိစစ်သည်တပ်သားတို့သည် ထိတ် လန့်တုန်လှုပ်ကြကုန်၏။ မြေကြီးပင်လျှင် တုန်လှုပ်ကာရန်သူတို့သည်ကစဥ့်ကရဲ ပြေးကြကုန်၏။