23 ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။
24 ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
25 သို့ရာတွင်ထာဝရဘုရားအားအကျွန်ုပ်ဝတ် ပြုကိုးကွယ်ခွင့်ရစေရန် အရှင်သည်အကျွန်ုပ် ၏အပြစ်ကိုဖြေလွှတ်၍ အကျွန်ုပ်နှင့်အတူ ဂိလဂါလမြို့သို့လိုက်ခဲ့ပါရန်အကျွန်ုပ် တောင်းပန်ပါ၏'' ဟုဆိုလေ၏။
26 ရှမွေလကလည်း``သင်နှင့်ငါမပြန်။ သင်သည် ထာဝရဘုရား၏အမိန့်တော်ကိုပယ်သော ကြောင့် ကိုယ်တော်သည်သင့်ကိုဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ'' ဟုဆို၏။
27 ထိုနောက်ရှမွေလသည်လှည့်၍ထွက်ခွာမည်ပြု သောအခါ ရှောလုသည်သူ၏ဝတ်လုံကိုဆွဲ ကိုင်လိုက်သဖြင့်ဝတ်လုံစုတ်သွားလေသည်။-
28 ရှမွေလက``ထာဝရဘုရားသည်ယနေ့ပင် ဣသရေလနိုင်ငံကိုသင့်ထံမှဆွဲယူကာ သင့်ထက်ကောင်းမြတ်သူတစ်ဦး၏လက်သို့ ပေးအပ်တော်မူလေပြီ။-
29 ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။