9 သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။
10-11 ထာဝရဘုရားသည်ရှမွေလအား``ရှောလုကို ဘုရင်ခန့်မိသည်မှာမှားလေစွ။ သူသည်ငါ့အား ကျောခိုင်းကာငါ၏အမိန့်တော်တို့ကိုလွန်ဆန် ခဲ့လေပြီ'' ဟုမိန့်တော်မူ၏။ ရှမွေလသည် ဒေါသထွက်၏။ သူသည်တစ်ညဥ့်လုံးထာဝရ ဘုရားအားလျှောက်လဲအသနားခံပြီးနောက်၊-
12 နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
13 ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
14 ရှမွေလက``ယင်းသို့ဖြစ်ပါမူအဘယ် ကြောင့်သိုးနွားတို့အော်မြည်သံကိုငါကြား ရပါသနည်း'' ဟုမေး၏။
15 ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
16 ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။