၁ ရာ 2:14-20 BCL

14 ခက်​ရင်း​ဖြင့်​ထိုး​ကာ​ပါ​လာ​သ​မျှ​ကို မိ​မိ​၏ ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ယူ​သွား​တတ်​လေ​သည်။ ယဇ်​ပူ​ဇော်​ရန်​ရှိ​လော​မြို့​သို့​ရောက်​ရှိ​လာ​ကြ သော​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ပင် လျှင်​ဤ​နည်း​အ​တိုင်း​ပြု​ကျင့်​ခြင်း​ကို​ခံ​ရ ကြ​၏။-

15 ထို့​အ​ပြင်​ဆီ​ဥ​ကို​မီး​မ​ရှို့​ရ​မီ​ယဇ်​ပု​ရော ဟိတ်​၏​အ​စေ​ခံ​သည် လာ​၍​ယဇ်​ပူ​ဇော်​နေ​သူ အား``ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ကင်​ပေး​နိုင်​ရန် အ​သား​အ​နည်း​ငယ်​ကို​ပေး​ပါ​လော့။ ယဇ် ပု​ရော​ဟိတ်​သည်​ပြုတ်​ပြီး​အ​သား​ကို​အ​လို မ​ရှိ။ အ​သား​စိမ်း​ကို​သာ​အ​လို​ရှိ​၏'' ဟု ပြော​ဆို​တောင်း​ခံ​တတ်​လေ​သည်။

16 အ​ကယ်​၍​ယဇ်​ပူ​ဇော်​နေ​သူ​က``ငါ​တို့​သည် ထုံး​စံ​ရှိ​သည်​အ​တိုင်း​ဆီ​ဥ​ကို​ဦး​စွာ​မီး​ရှို့ ပူ​ဇော်​ပြီး​မှ သင်​နှစ်​သက်​ရာ​အ​သား​ကို​ယူ ပါ​လေ'' ဟု​ဆို​ခဲ့​သော်​ယဇ်​ပု​ရော​ဟိတ်​အ​စေ​ခံ သည်``အ​သား​ကို​ယ​ခု​ငါ့​အား​ပေး​လော့။ မ​ပေး လျှင်​အ​တင်း​အ​ဋ္ဌမ္မ​ယူ​ရ​လိမ့်​မည်'' ဟု​ဆို တတ်​၏။

17 ဧ​လိ​၏​သား​တို့​ဤ​သို့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​လွန်​စွာ​အ​ပြစ် ကြီး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ပေး​လှူ​သော​ပူ​ဇော် သ​ကာ​များ​ကို​မ​ခန့်​မ​ညား​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။

18 ဤ​အ​တော​အ​တွင်း​၌​သူ​ငယ်​ရှ​မွေ​လ​သည် ပိတ်​ချော​သင်​တိုင်း​ကို​ဝတ်​၍​ထာ​ဝ​ရ​ဘု​ရား ၏​အ​မှု​တော်​ကို​ဆောင်​လျက်​နေ​၏။-

19 သူ​၏​အ​မိ​သည်​နှစ်​စဉ်​ပူ​ဇော်​နေ​ကျ​ယဇ်​ကို တင်​လှူ​ရန် ခင်​ပွန်း​သည်​နှင့်​အ​တူ​လိုက်​ပါ လာ​သော​အ​ခါ ဝတ်​လုံ​ငယ်​တစ်​ခု​ကို​ချုပ်​၍ ယူ​ဆောင်​လာ​တတ်​၏။-

20 ထို​အ​ခါ​ဧ​လိ​သည်​ဧ​လ​ကာ​န​နှင့်​ဇ​နီး အား ကောင်း​ချီး​ပေး​ပြီး​လျှင်``ထာ​ဝ​ရ​ဘု​ရား အား​သင်​ဆက်​ကပ်​သည့်​သား​အ​စား ကိုယ်​တော် သည်​သင့်​အား​ဤ​အ​မျိုး​သ​မီး​အား​ဖြင့် အ​ခြား​သား​သ​မီး​များ​ကို​ပေး​သ​နား တော်​မူ​ပါ​စေ​သော'' ဟု​ဧ​လ​ကာ​န​အား ပြော​လေ့​ရှိ​၏။ထို​နောက်​သူ​တို့​သည်​မိ​မိ​တို့​နေ​အိမ်​သို့​ပြန် သွား​ကြ​၏။