၁ ရာ 2:28-34 BCL

28 ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ရှိ​သ​မျှ တို့​အ​နက် သူ​၏​အိမ်​ထောင်​စု​ကို​ငါ​၏​ယဇ် ပလ္လင်​ပေါ်​မှာ​ပူ​ဇော်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း၊ ငါ​၏​အ​လို​တော်​ကို​သိ​ရှိ​ရန် သင်​တိုင်း​ကို​ဝတ်​ဆင်​ခြင်း​အ​မှု​တို့​ကို​ဆောင် ရွက်​ရန်​အ​တွက် ငါ​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ခန့်​ထား​ခဲ့​၏။ ထို့​ပြင် ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည့်​ယဇ် ကောင်​များ​မှ​ဝေ​စု​ကို​ရ​ယူ​နိုင်​ခွင့်​ကို လည်း သူ​တို့​အား​ငါ​ပေး​ထား​၏။-

29 သို့​ဖြစ်​၍​သင်​သည်​ငါ​၏​အ​မိန့်​အ​ရ​ဆက်​သ သည့်​ယဇ်​နှင့်​ပူ​ဇော်​သ​ကာ​များ​ကို အ​ဘယ် ကြောင့်​လော​ဘ​စိတ်​နှင့်​ကြည့်​ဘိ​သ​နည်း။ ဧ​လိ၊ သင်​သည်​ငါ​၏​လူ​မျိုး​တော်​တင်​လှူ​သည့်​ယဇ် ကောင်​ရှိ​သ​မျှ​မှ​အ​ကောင်း​ဆုံး​အ​ပိုင်း​တို့ ကို အ​ဘယ်​ကြောင့်​သင်​၏​သား​တို့​အား​ဝ​စွာ စား​ခွင့်​ပြု​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ တို့​အား​ငါ့​ထက်​ပင်​ပို​၍​ဂုဏ်​ပြု​ချီး​မြှင့် ပါ​သ​နည်း။-

30 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ရှင်​ဖြစ် တော်​မူ​သော​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့် အိမ်​ထောင်​စု​နှင့်​သား​ချင်း​စု​တို့​အား​ကာ​လ အ​စဉ်​အ​ဆက်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​စေ​မည် ဟု အ​တိတ်​ကာ​လ​က​က​တိ​ပြု​ခဲ့​၏။ သို့ ရာ​တွင်​ယ​ခု​ထို​က​တိ​ကို​တည်​စေ​တော့ မည်​မ​ဟုတ်​ဟု​ငါ​ဆို​၏။ ငါ့​အား​ဂုဏ်​ပြု ချီး​မြှင့်​သူ​တို့​ကို​ငါ​ဂုဏ်​ပြု​ချီး​မြှင့်​မည်။ ငါ့​အား​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့​အား​ရွံ​ရှာ စက်​ဆုပ်​မည်။-

31 နား​ထောင်​လော့။ သင့်​အိမ်​ထောင်​စု၊ သင့်​သား ချင်း​စု​ထဲ​မှ​လူ​ငယ်​လူ​ရွယ်​ရှိ​သ​မျှ​ကို ငါ​သုတ်​သင်​ပယ်​ရှင်း​ပစ်​မည့်​အ​ချိန်​ရောက် ရှိ​လာ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သင်​၏ အိမ်​ထောင်​စု​တွင် အ​ဘယ်​သူ​မျှ​အ​သက် အ​ရွယ်​အို​မင်း​သည်​တိုင်​အောင်​နေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။-

32 သင်​သည်​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ငါ​ပေး​သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ ကို​မြင်​၍ စိတ်​ပျက်​လျက်​မ​နာ​လို​စိတ်​ဖြစ် လိမ့်​မည်။ သို့​ရာ​တွင်​သင်​၏​အိမ်​ထောင်​စု​မှ အ​ဘယ်​သူ​မျှ အို​မင်း​သည်​တိုင်​အောင်​နေ​ရ တော့​မည်​မ​ဟုတ်။-

33 သို့​သော်​ငါ​သည်​သင်​၏​အိမ်​ထောင်​စု​သား တစ်​ဦး​ကို​မူ​အ​သက်​ရှင်​စေ​မည်။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ရ​မည်​ဖြစ်​သော်​လည်း မျက် စိ​ကွယ်​ပြီး​မျှော်​လင့်​ရာ​မဲ့​ဖြစ်​လျက်​နေ​လိမ့် မည်။ သင်​၏​အ​ခြား​သား​မြေး​မှန်​သ​မျှ​တို့ သည်​သေ​ခြင်း​ဆိုး​နှင့်​သေ​ရ​ကြ​လိမ့်​မည်။-

34 သင်​၏​သား​များ​ဖြစ်​ကြ​သော​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​တို့​သည်​တစ်​နေ့​တည်း​၌​သေ​ရ​ကြ သော​အ​ခါ ငါ​ပြော​သ​မျှ​သော​အ​မှု​အ​ရာ တို့​သည်​ဖြစ်​ပျက်​လာ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​သိ​ရှိ​ရ​လိမ့်​မည်။-