7 (ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
8 ဒါဝိဒ်ကအဟိမလက်အား``ကိုယ်တော်ထံ တွင်လှံသော်လည်းကောင်း၊ ဋ္ဌားသော်လည်း ကောင်းရှိပါသလော။ ဘုရင်အမိန့်တော်ကြောင့် အကျွန်ုပ်သည်အလျင်စလိုထွက်ခွာလာခဲ့ ရသဖြင့် ဋ္ဌားလက်နက်တစ်စုံတစ်ရာကိုမျှ ယူဆောင်ရန်အချိန်မရပါ'' ဟုဆိုလျှင်၊
9 အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ထိုအခါဒါဝိဒ်က``ထိုဋ္ဌားထက်ကောင်း သည့်ဋ္ဌားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။
10 ထိုနေ့၌ဒါဝိဒ်သည်ရှောလုထံမှတိမ်း ရှောင်ကာ ဂါသဘုရင်အာခိတ်မင်းထံသို့ သွား၏။-
11 ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။
12 ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊-
13 ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။-