၁ ရာ 23:12-18 BCL

12 ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

13 ထို့​ကြောင့်​ဒါ​ဝိဒ်​နှင့်​ခြောက်​ရာ​ခန့်​ရှိ​သော​အ​ပေါင်း ပါ​တို့​သည် ချက်​ချင်း​ပင်​ကိ​လ​မြို့​မှ​ထွက်​၍​သင့် ရာ​သို့​ဆုတ်​ခွာ​သွား​ကြ​၏။ ကိ​လ​မြို့​မှ​ဒါ​ဝိဒ် ထွက်​ပြေး​သွား​ကြောင်း​ရှော​လု​ကြား​သိ​သော အ​ခါ မိ​မိ​၏​အ​ကြံ​အ​စည်​ကို​ဖျက်​သိမ်း​လိုက် လေ​သည်။

14 ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-

15 ဒါ​ဝိဒ်​သည်​မိ​မိ​၏​အ​သက်​အန္တရာယ်​ကို ရှော​လု​ရှာ​ကြံ​ကြောင်း​သိ​မြင်​၏။ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​ဟော​ရေ​ရှ အ​ရပ်​သို့​ရောက်​ရှိ​နေ​စဉ်၊-

16 ယော​န​သန်​သည်​ဒါ​ဝိဒ်​ထံ​သို့​လာ​၍ ဘု​ရား​သ​ခင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို​စိတ်​ချ ယုံ​ကြည်​ရန်​အား​ပေး​လျက်၊-

17 ``မ​ကြောက်​ပါ​နှင့်။ ငါ​၏​ခ​မည်း​တော်​ရှော​လု သည်​သင့်​အား အ​ဘယ်​သို့​မျှ​ဘေး​အန္တ​ရာယ် ပြု​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သင်​သည်​ဣ​သ ရေ​လ​ဘု​ရင်​ဖြစ်​မည်​ကို​လည်း​ကောင်း၊ ငါ သည်​သင်​၏​ညာ​လက်​ရုံး​ဖြစ်​မည်​ကို​လည်း ကောင်း​သူ​ကောင်း​စွာ​သိ​ပါ​၏'' ဟု​ပြော ကြား​၏။-

18 ထို​နောက်​သူ​တို့​သည်​အ​ပြန်​အ​လှန်​ကတိ​သစ္စာ ပြု​ကြ​ပြီး​လျှင် ဒါ​ဝိဒ်​သည်​ဟော​ရေ​ရှ​အ​ရပ် တွင်​နေ​ရစ်​၍​ယော​န​သန်​မူ​ကား​မိ​မိ​၏​အိမ် သို့​ပြန်​လေ​၏။