၁ ရာ 25:2-3-9 BCL

2-3 ကာ​လက်​သား​ချင်း​စု​တွင်​မော​န​မြို့​သား နာ​ဗ​လ​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည် က​ရ​မေ​လ​မြို့​အ​နီး​တွင်​နေ​ထိုင်​သော​မြေ ပိုင်​ရှင်​ဖြစ်​သည်။ သူ​သည်​သိုး​သုံး​ထောင်​နှင့် ဆိတ်​တစ်​ထောင်​ကို​ပိုင်​သ​ဖြင့် အ​လွန်​ကြွယ်​ဝ ချမ်း​သာ​သူ​ဖြစ်​၏။ သူ​၏​ဇ​နီး​အ​ဘိ​ဂဲ​လ သည်​အ​ဆင်း​လှ​၍ ပ​ညာ​အ​မြော်​အ​မြင်​ရှိ သူ​အ​မျိုး​သ​မီး​ဖြစ်​၏။ နာ​ဗ​လ​မူ​ကား သ​ဘော​ယုတ်​၍​ရိုင်း​ပြ​သူ​ဖြစ်​သ​တည်း။နာ​ဗ​လ​သည်​က​ရ​မေ​လ​မြို့​တွင်​မိ​မိ​၏​သိုး များ​ကို​အ​မွေး​ညှပ်​လျက်​နေ​၏။-

4 ထို​အ​ကြောင်း​ကို​တော​ကန္တာ​ရ​ရှိ​ဒါ​ဝိဒ်​ကြား သိ​ရ​သ​ဖြင့်၊-

5 က​ရ​မေ​လ​မြို့​သို့​လူ​ငယ်​လူ​ရွယ်​ဆယ်​ယောက် ကို​စေ​လွှတ်​ကာ``သင်​တို့​သည်​နာ​ဗ​လ​ကို​ရှာ​၍ ငါ့​ကိုယ်​စား​နှုတ်​ဆက်​ကြ​လော့။-

6 သူ့​အား​ဤ​သို့​ပြော​ကြား​လော့။ `ချစ်​မိတ်​ဆွေ၊ ဒါ​ဝိဒ်​သည်​သင့်​ကို​နှုတ်​ဆက်​လိုက်​ပါ​၏။ သင် နှင့်​တ​ကွ​သင်​၏​အိမ်​ထောင်​စု​သား​များ​သည် လည်း​ကောင်း၊ သင်​နှင့်​သက်​ဆိုင်​သူ​အ​ပေါင်း​တို့ သည်​လည်း​ကောင်း ကျန်း​မာ​ချမ်း​သာ​ကြ​စေ ရန်​ဆု​တောင်း​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။-

7 သင်​သည်​သိုး​များ​ကို​အ​မွေး​ညှပ်​လျက်​နေ ကြောင်း​ကြား​သိ​ရ​သ​ဖြင့် ဒါ​ဝိဒ်​က​သင်​၏ သိုး​ထိန်း​တို့​သည်​ကျွန်​တော်​တို့​ရှိ​ရာ​အ​ရပ် တွင် သိုး​များ​ကို​ထိန်း​ကျောင်း​နေ​ကြ​သော် လည်း ကျွန်​တော်​တို့​သည်​သူ​တို့​အား​ဘေး အန္တ​ရာယ်​မ​ပြု​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည်​က​ရ​မေ​လ​မြို့​တွင်​ရှိ​နေ​စဉ် အ​တော​အ​တွင်း​၌ မည်​သည့်​အ​ရာ​တစ် စုံ​တစ်​ခု​မျှ​ခိုး​ဝှက်​ခြင်း​မ​ခံ​ရ​ကြ ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​သိ​စေ လို​ပါ​သည်။-

8 ဤ​အ​ကြောင်း​ကို​သိုး​ထိန်း​တို့​အား​မေး​မြန်း လျှင်​သင်​သိ​ရှိ​နိုင်​ပါ​လိမ့်​မည်။ ကျွန်​တော်​တို့ သည်​ဤ​ပွဲ​နေ့​၌​ဤ​အ​ရပ်​သို့​လာ​ပါ​ပြီ။ ဒါ​ဝိဒ်​က​ကျွန်​တော်​တို့​အား​ကြို​ဆို​ဧည့်​ခံ ပါ​ရန်​ပန်​ကြား​လိုက်​ပါ​၏။ သင်​၏​အ​စေ​ခံ ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ သင်​၏​မိတ် ဆွေ​ဒါ​ဝိဒ်​အား​လည်း​ကောင်း​သင်​ပေး​နိုင် သည့်​အ​ရာ​ကို​ကျေး​ဇူး​ပြု​၍​ပေး​ပါ​လော့။'

9 ယင်း​သို့​ညွှန်​ကြား​လိုက်​သည့်​အ​တိုင်း​ဒါ​ဝိဒ် ၏​လူ​တို့​သည် နာ​ဗ​လ​အား​နှုတ်​ဆက်​ပြော ကြား​ပြီး​လျှင်​စောင့်​ဆိုင်း​၍​နေ​ကြ​၏။-