40 သူ၏အစေခံတို့သည်ကရမေလမြို့သို့ သွားပြီးလျှင် အဘိဂဲလအား``ဒါဝိဒ်သည် သခင်မနှင့်ထိမ်းမြားလက်ထပ်လိုသဖြင့် သခင်မအားခေါ်ဆောင်ခဲ့ရန်ကျွန်တော်တို့ အားစေလွှတ်လိုက်ပါသည်'' ဟုပြောကြား ကြ၏။
41 အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
42 လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
43 ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။-
44 ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။