၁ ရာ 25:41-44 BCL

41 အ​ဘိ​ဂဲ​လ​သည် မြေ​သို့​တိုင်​အောင်​ဦး​ညွှတ် ပြီး​လျှင်``ကျွန်​မ​သည်​ထို​သခင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် သူ့​အ​စေ​ခံ​များ​၏​ခြေ​ကို​ပင် ဆေး​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​ဆို​ကာ၊-

42 လျင်​မြန်​စွာ​ထ​၍​မြည်း​ကို​စီး​လေ​၏။ ထို နောက်​အ​မျိုး​သ​မီး​အ​စေ​ခံ​ငါး​ယောက် ကို​ခေါ်​၍ ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​နှင့်​အ​တူ လိုက်​သွား​ပြီး​လျှင် ဒါ​ဝိဒ်​၏​ဇ​နီး​အ​ဖြစ် ခံ​ယူ​လေ​သည်။

43 ဒါ​ဝိဒ်​သည်​ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင် နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ထား​ပြီး​ဖြစ်​သော် လည်း ယ​ခု​အဘိ​ဂဲ​လ​အား​လည်း​မိ​မိ​၏ ဇ​နီး​အ​ဖြစ်​ဖြင့်​သိမ်း​ပိုက်​လိုက်​၏။-

44 ဤ​အ​တော​အ​တွင်း​၌​ရှော​လု​သည် ဒါ​ဝိဒ်​၏ ဇ​နီး​ဟောင်း၊ မိ​မိ​၏​သ​မီး​တော်​မိ​ခါ​လ အား​ဂလ္လိမ်​မြို့​မှ​လဲ​ရှ​၏​သား​ဖာ​လ​တိ​နှင့် ထိမ်း​မြား​ပေး​စား​ပြီး​ဖြစ်​သ​တည်း။