၁ ရာ 3:8-14 BCL

8 ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မွေ​လ​ကို​တ​တိ​ယ အ​ကြိမ်​ခေါ်​တော်​မူ​ပြန်​၏။ သူ​သည်​ထ​၍ ဧ​လိ​ထံ​သို့​သွား​ပြီး​လျှင်``အ​ရှင်​ခေါ်​သော ကြောင့်​ကျွန်​တော်​လာ​ပါ​ပြီ'' ဟု​လျှောက်​၏။ထို​အ​ခါ​ဧ​လိ​သည်​သူ​ငယ်​ကို​ခေါ်​သော​သူ ကား ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​တော်​မူ​ကြောင်း ရိပ်​မိ​သ​ဖြင့်၊-

9 ``သင်​သည်​ပြန်​၍​အိပ်​လော့။ အ​ကယ်​၍​သင့်​အား နောက်​တစ်​ကြိမ်​ခေါ်​လျှင်`ထာ​ဝ​ရ​ဘု​ရား၊ အ​မိန့် ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏​ကျွန်​နာ​ခံ​လျက်​ရှိ ပါ​၏' ဟု​လျှောက်​ထား​လော့'' ဟု​မှာ​ကြား​လိုက်​၏။ သို့​ဖြစ်​၍​ရှ​မွေ​လ​သည်​ပြန်​၍​အိပ်​လေ​၏။

10 ထာ​ဝ​ရ​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၍ ရှ​မွေ​လ​အ​နီး​တွင်​ရပ်​တော်​မူ​လျက်``ရှ​မွေ​လ၊ ရှ​မွေ​လ'' ဟု​ရှေး​နည်း​တူ​ခေါ်​တော်​မူ​၏။ရှ​မွေ​လ​က``အ​မိန့်​ရှိ​တော်​မူ​ပါ။ ကိုယ်​တော်​၏ ကျွန်​နာ​ခံ​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။

11 ထာ​ဝ​ရ​ဘု​ရား​က``တစ်​နေ့​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပြု​မည့် အ​မှု​သည်​လွန်​စွာ​ကြောက်​မက်​ဖွယ်​ကောင်း​သ​ဖြင့် ယင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သူ​လူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​၍​သွား​ကြ​လိမ့်​မည်။-

12 ထို​နေ့​ကျ​ရောက်​သော​အ​ခါ ငါ​သည်​ဧ​လိ​၏ အိမ်​ထောင်​စု​သား​တို့​အား​ဒဏ်​စီ​ရင်​မည်​ဟု မိန့်​တော်​မူ​ခဲ့​သည်​အ​တိုင်း အ​စ​မှ​အ​ဆုံး တိုင်​အောင်​ငါ​စီ​ရင်​မည်။-

13 သူ​၏​သား​တို့​သည်​ငါ့​အား​ပြစ်​မှား​ပြော​ဆို​ခဲ့ ကြ​သ​ဖြင့် ငါ​သည်​သူ​၏​အိမ်​ထောင်​စု​ကို​အ​ပြစ် ဒဏ်​စီ​ရင်​မည်​ဖြစ်​ကြောင်း​ဧ​လိ​အား​ပြော​ကြား ခဲ့​ပြီး​ဖြစ်​၏။ သူ​တို့​သည်​ဤ​သို့​သော​ဒု​စ​ရိုက် များ​ကို​ပြု​ကျင့်​လျက်​နေ​ကြောင်း​ကို​ဧ​လိ​သိ သော်​လည်း​သူ​တို့​အား​မ​တား​မြစ်။-

14 သို့​ဖြစ်​၍​အ​ဘယ်​ယဇ်​အ​ဘယ်​ပူ​ဇော်​သကာ​မျှ ဤ​ဆိုး​ရွား​သော​အ​ပြစ်​ကို​ဖြေ​လွတ်​အောင်​စွမ်း ဆောင်​နိုင်​လိမ့်​မည်​မ​ဟုတ်​ကြောင်း ငါ​သည်​ဧ​လိ အိမ်​ထောင်​စု​အား​အ​လေး​အ​နက်​မြွက်​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။