၁ ရာ 31:10-13 BCL

10 ထို​နောက်​သူ​တို့​သည်​အ​ဆို​ပါ​လက်​နက် တန်​ဆာ​များ​ကို အ​ရှ​တ​ရက်​နတ်​သ​မီး ၏​ဝတ်​ကျောင်း​တွင်​ထား​ရှိ​၍​ရှော​လု​၏ အ​လောင်း​ကို​မူ​ဗက်​ရှန်​မြို့​ရိုး​တွင်​ဆွဲ ထား​ကြ​၏။

11 ရှော​လု​အား​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အ​ဘယ် သို့​ပြု​ကြ​သည်​ကို ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့ သား​တို့​ကြား​သိ​ကြ​သော​အ​ခါ၊-

12 သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-

13 ထို​နောက်​အ​ရိုး​တို့​ကို​ကောက်​ယူ​၍​မြို့​ရှိ မန်​ကျည်း​ပင်​အောက်​တွင်​မြှုပ်​နှံ​ပြီး​နောက် ခု​နစ်​ရက်​တိုင်​တိုင်​အ​စာ​ရှောင်​ကြ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​ပ​ထ​မ​စောင်​ပြီး​၏။