11 ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ရန်သူတို့လက်သို့ကျရောက်သွား၏။ ဧလိ ၏သားဟောဖနိနှင့်ဖိနဟတ်တို့နှစ်ယောက် စလုံးလည်းအသတ်ခံရကြ၏။
12 ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-
13 ဧလိသည်ပဋိညာဉ်သေတ္တာတော်အတွက် လွန်စွာစိုးရိမ်ပူပန်သဖြင့် လမ်းနံဘေးရှိ မိမိ၏ထိုင်ခုံပေါ်တွင်ထိုင်ကာအကြောင် သားငေး၍နေ၏။ ပြေးလာသောသူသည်စစ် ရှုံးသည့်သတင်းကို မြို့ထဲတွင်ပြောကြား လိုက်ရာလူအပေါင်းတို့သည်ထိတ်လန့် လျက်ဟစ်အော်ကြကုန်၏။-
14 ဧလိသည်ထိုအော်ဟစ်သံကိုကြားသော်``ဤ အသံကားအသို့နည်း'' ဟုမေး၏။ ထိုသူသည် လည်းဧလိထံသို့အမြန်လာရောက်ပြီးလျှင် အကျိုးအကြောင်းကိုလျှောက်ထား၏။-
15 (ဧလိကားယခုအခါအသက်ကိုးဆယ် ရှစ်နှစ်ရှိ၍ မျက်စိကွယ်ခါနီးပြီ။-)
16 ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။ဧလိက``ငါ့သား၊ အရေးအခင်းကားမည် သို့နည်း'' ဟုမေး၏။-
17 သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။