8 ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်ငါးပါး တို့ထံစေတမန်များလွှတ်၍ဖိတ်ခေါ်ပြီး လျှင်``ဣသရေလအမျိုးသားတို့ကိုးကွယ် သောဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုငါ တို့အဘယ်သို့ပြုရကြမည်နည်း'' ဟုမေး ကြ၏။ဘုရင်တို့က``ဂါသမြို့သို့ပင့်ဆောင်သွား ကြလော့'' ဟုဆိုသဖြင့်ပဋိညာဉ်သေတ္တာ တော်ကိုအခြားဖိလိတ္တိမြို့တစ်မြို့ဖြစ် သောဂါသမြို့သို့ပင့်ဆောင်သွားကြ၏။-
9 သို့ရာတွင်ထိုအရပ်သို့သေတ္တာတော်ရောက်ရှိ ပြီးနောက် ထာဝရဘုရားသည်ထိုမြို့ကိုလည်း ဒဏ်ခတ်တော်မူပြန်သဖြင့် လူတို့သည်ထိတ်လန့် ကြကုန်၏။ ကိုယ်တော်သည်ကြီးငယ်မရွေးမြို့ သူမြို့သားအပေါင်းတို့အားအနာစိမ်းများ ပေါက်စေခြင်းအားဖြင့်ဒဏ်ခတ်တော်မူ၏။-
10 သို့ဖြစ်၍သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို အခြားဖိလိတ္တိမြို့တစ်မြို့ဖြစ်သောဧကြုန်မြို့ သို့ပို့လိုက်ကြ၏။ ထိုမြို့သို့သေတ္တာတော်ရောက် ရှိသောအခါလူတို့က``သူတို့သည်ငါတို့ ရှိသမျှကိုသတ်ရန်ဣသရေလအမျိုးသား တို့ကိုးကွယ်သည့်ဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုငါတို့ထံသို့ပင့်ဆောင်လာကြလေ ပြီ'' ဟုဟစ်အော်ကြကုန်၏။-
11 ထို့ကြောင့်သူတို့သည်ဖိလိတ္တိဘုရင်အပေါင်း တို့အား တစ်ဖန်ဖိတ်ခေါ်ပြီးလျှင်``ဣသရေလ အမျိုးသားတို့၏ပဋိညာဉ်သေတ္တာတော်ကို ယင်း၏မူရင်းအရပ်သို့ပြန်ပို့လိုက်ကြပါ။ သို့မှသာလျှင်ငါတို့နှင့်တကွငါတို့၏အိမ် ထောင်စုသားများသည်သေဘေးမှကင်းလွတ် ကြပါလိမ့်မည်'' ဟုဆိုကြ၏။ ဘုရားသခင် သည်သူတို့အားပြင်းထန်စွာဒဏ်ခတ်တော် မူသည်ဖြစ်၍တစ်မြို့လုံးပင်ကြောက်လန့် တုန်လှုပ်လျက်နေကြ၏။-
12 သေဘေးနှင့်လွတ်သောသူများပင်လျှင် အနာစိမ်းများပေါက်ကြသဖြင့် လူတို့သည် မိမိတို့၏ဘုရားများအားကူမရန်ဟစ် အော်လျှောက်ထားကြ၏။