7 မိဇပါမြို့တွင်ဣသရေလအမျိုးသားတို့ စုရုံးလျက်ရှိကြောင်းကို ဖိလိတ္တိအမျိုးသား တို့ကြားသိကြသောအခါ ဖိလိတ္တိဘုရင်ငါး ပါးတို့သည်ဣသရေလအမျိုးသားတို့ရှိ ရာသို့စစ်ချီလာကြ၏။ ဤအကြောင်းကို ဣသရေလအမျိုးသားတို့ကြားသိကြ သောအခါကြောက်လန့်ကြသဖြင့်၊-
8 ရှမွေလအား``အကျွန်ုပ်တို့ကိုဖိလိတ္တိအမျိုး သားတို့၏လက်မှကယ်တော်မူရန် အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရားထံတော် သို့ဆုတောင်းပေးလျက်နေပါ'' ဟုတောင်းပန် ကြ၏။-
9 ရှမွေလသည်သိုးငယ်တစ်ကောင်ကိုသတ်၍ တစ်ကောင်လုံးကိုမီးရှို့ရာယဇ်အဖြစ်ထာဝရ ဘုရားအားပူဇော်ကာ ဣသရေလအမျိုးသား တို့အား ကယ်မတော်မူရန်ဆုတောင်းပတ္ထနာ ပြုရာကိုယ်တော်သည်နားညောင်းတော်မူ၏။-
10 ရှမွေလသည်ယဇ်ပူဇော်လျက်နေစဉ်ဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလအမျိုးသား တို့အားတိုက်ခိုက်ရန်ချီတက်လာကြ၏။ သို့ ရာတွင်ထိုအချိန်၌ပင်လျှင်ထာဝရဘုရား သည် သူတို့အပေါ်မှာပြင်းစွာမိုးချုန်းစေ တော်မူသဖြင့် သူတို့သည်ကစဥ့်ကရဲဖြစ် လျက်ထွက်ပြေးကြကုန်၏။-
11 ဣသရေလအမျိုးသားတို့သည်မိဇပါမြို့ မှထွက်၍ သူတို့အားဗက်ကာမြို့အနီးသို့ တိုင်အောင်လိုက်လံသတ်ဖြတ်ကြ၏။
12 ထိုနောက်ရှမွေလသည်ကျောက်တုံးတစ်ခုကို ယူ၍ မိဇပါမြို့နှင့်ရှင်မြို့စပ်ကြားတွင်စိုက်ထူ ကာ``ထာဝရဘုရားသည်ငါတို့အားယနေ့ တိုင်အောင်ကူမတော်မူလေပြီ'' ဟုဆိုပြီးလျှင် ထိုကျောက်တုံးကို``ကူမတော်မူရာကျောက်'' (ဧဗနေဇာ) ဟုနာမည်မှည့်လေသည်။-
13 ဤသို့လျှင်ဖိလိတ္တိအမျိုးသားတို့သည်အရေး ရှုံးနိမ့်ရကြ၏။ ထာဝရဘုရားသည်သူတို့ အားရှမွေလအသက်ရှင်သမျှကာလပတ်လုံး ဣသရေလပြည်ကိုချင်းနင်းဝင်ရောက်ခွင့် ပေးတော်မမူ။-