14 သို့ဖြစ်၍ရှောလုနှင့်အစေခံတို့သည်မြို့ သို့သွားကြ၏။ သူတို့သည်မြို့ထဲသို့ဝင်မည် အပြုတွင် ဝတ်ပြုကိုးကွယ်ရာဌာနသို့ထွက် ခွာ၍လာနေသောရှမွေလကိုတွေ့ကြ၏။
15 ရှောလုရောက်မလာမီတစ်နေ့၌ရှမွေလ အား ထာဝရဘုရားက၊-
16 ``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။
17 ရှောလုကိုရှမွေလတွေ့မြင်ချိန်၌ထာဝရ ဘုရားက``သင့်အားငါဖော်ပြခဲ့သောသူ ကားဤသူပင်ဖြစ်၏။ သူသည်ငါ၏လူမျိုး တော်ကိုအုပ်စိုးရလိမ့်မည်'' ဟုမိန့်တော်မူ၏။-
18 ထိုနောက်ရှောလုသည်မြို့တံခါးအနီးရှိ ရှမွေလထံသို့ချဉ်းကပ်၍``ရှေ့ဖြစ်ကိုဟော နိုင်သူသည်အဘယ်အရပ်မှာနေပါသနည်း။ အကျွန်ုပ်အားပြောပြပါလော့'' ဟုတောင်း ပန်၏။
19 ရှမွေလက``ရှေ့ဖြစ်ကိုဟောနိုင်သူသည် ငါ ပင်ဖြစ်၏။ ဝတ်ပြုကိုးကွယ်ရာဌာနတော် သို့ငါ၏ရှေ့မှသွားလော့။ သင်တို့နှစ်ယောက် စလုံး ယနေ့ငါနှင့်အတူစားသောက်ရကြ မည်။ နက်ဖြန်နံနက်၌ငါသည်သင်တို့၏မေး ခွန်းရှိသမျှကိုဖြေကြားပြီးနောက် သင် တို့အားအိမ်သို့ပြန်စေမည်။-
20 လွန်ခဲ့သောသုံးရက်ကပျောက်ဆုံးခဲ့သည့် မြည်းများအတွက် ကိုမူမစိုးရိမ်နှင့်။ ယင်း တို့ကိုပြန်၍တွေ့ရှိပြီးဖြစ်၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ လွန်စွာလိုလား တောင့်တနေသူကားအဘယ်သူနည်း။ သင် နှင့်သင့်အဖ၏အိမ်ထောင်စုပင်မဟုတ် လော'' ဟုပြန်ပြော၏။