22 ထိုနောက်ရှမွေလသည် ရှောလုနှင့်သူ၏ အစေခံကိုဧည့်ခန်းသို့ခေါ်သွားပြီးလျှင် ဧည့်သည်စုစုပေါင်းသုံးဆယ်ထိုင်လျက်နေ သောစားပွဲထိပ်တွင်နေရာချထားပေး၏။-
23 ရှမွေလကစားတော်ကဲအား``သင့်အားသီး သန့်ထားရှိရန် ငါမှာကြားထားသည့်အမဲ သားတုံးကိုယူခဲ့လော့'' ဟုဆို၏။-
24 သို့ဖြစ်၍စားတော်ကဲသည်လက်ရွေးစင်ပေါင် တစ်ပေါင်ကိုယူလာပြီးလျှင် ရှောလု၏ရှေ့တွင် ချထားလေ၏။ ရှမွေလက``ဤအရာကား သင်၏အတွက်သီးသန့်ဖယ်ထားသောအသား ဖြစ်၏။ ယူ၍စားလော့။ ငါဖိတ်ခေါ်ထားသူတို့ နှင့်အတူယခုအချိန်၌သင်စားရန်ဤ အသားကိုငါဖယ်ထားခဲ့၏'' ဟုဆို၏။ထို့ကြောင့်ရှောလုသည် ထိုနေ့၌ရှမွေလနှင့် အတူစားသောက်လေ၏။-
25 သူတို့သည်ဝတ်ပြုကိုးကွယ်ရာဌာနမှမြို့ သို့ပြန်၍ဆင်းသွားကြသောအခါ ရှောလု အတွက်အိမ်ခေါင်မိုးပေါ်တွင် အိပ်ရာတစ်ခုကိုခင်းပေးကြ၏။-
26 ရှောလုသည်လည်းအိပ်ရာတွင်အိပ်လေ၏။အရုဏ်တက်ချိန်၌ရှမွေလသည်အိမ်ခေါင်မိုးထက် တွင်ရှိသောရှောလုအား``ထလော့။ သင်အိမ်ပြန်ရန် ခရီးလမ်းသို့ငါပို့ဆောင်ပေးအံ့'' ဟုအော်၍ပြော သောအခါရှောလုသည်အိပ်ရာမှထလေ၏။ ထို နောက်သူနှင့်ရှမွေလတို့သည်အတူတကွထွက် သွားကြ၏။-
27 သူတို့သည်မြို့စွန်မြို့ဖျားသို့ရောက်သောအခါ ရှမွေလသည်ရှောလုအား``သင်၏အစေခံကိုငါ တို့ရှေ့ကသွားနှင့်ရန်ပြောကြားလော့'' ဟုဆို၏။ အစေခံသည်လည်းသွားနှင့်၏။ ထိုအခါရှမွေလ က``ဤတွင်ခေတ္တရပ်နားလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုသင့်အားငါဖော်ပြပေအံ့'' ဟု ဆို၏။