1 ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
2 (ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
3 ထို့ကြောင့်ဒါဝိဒ်သည်ဂိဗောင်မြို့မှလူတို့ ကိုခေါ်၍``ငါသည်သင်တို့အဖို့အဘယ် အမှုကိုပြုရပါမည်နည်း။ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်အားကောင်း ချီးပေးကြစေရန် ငါသည်သင်တို့ခံခဲ့ရ သည့်မတရားမှုအတွက်တစ်ခုခုပြု လုပ်ပေးလိုပါသည်'' ဟုမိန့်တော်မူလျှင်၊
4 ထိုသူတို့က``ရှောလုတို့မိသားစုနှင့်အကျွန်ုပ် တို့အချင်းပွားမှုကိုရွှေငွေနှင့်ပေးလျော်၍ မရနိုင်ပါ။ အကျွန်ုပ်တို့သည်အဘယ်ဣသ ရေလအမျိုးသားကိုမျှလည်းမသတ်လို ပါ'' ဟုလျှောက်ထားကြ၏။``ထိုသို့ဖြစ်ပါမူသင်တို့အတွက်အဘယ်သို့ ပြုစေလိုပါသနည်း'' ဟုမေးတော်မူလျှင်၊
5 ထိုသူတို့က``ရှောလုသည်ဣသရေလနိုင်ငံ အတွင်း၌ အကျွန်ုပ်တို့အမျိုးသားများ အလျှင်းမကျန်ရစ်ရအောင်သုတ်သင်ပစ် ရန်ကြံရွယ်ခဲ့ပါ၏။-