၂ ရာ 22:13-19 BCL

13 ရှေ့​တော်​၌​လျှပ်​စီး​ပြက်​သ​ဖြင့်​မီး​ကျီး ခဲ​များ​သည် အ​လျှံ​ထ​လေ​၏။

14 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​မှ မိုး​ချုန်း​စေ​တော်​မူ​၏။အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​အ​သံ တော်​သည် ထွက်​ပေါ်​လာ​၏။

15 ကိုယ်​တော်​သည်​မြား​တော်​တို့​ကို ပစ်​လွှတ်​တော်​မူ​လျက်ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။လျှပ်​စီး​ပြက်​စေ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။

16 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။

17 ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​လက်​တော်​ကို ဆန့်​တော်​မူ​၍​ငါ့​ကို​ကိုင်​တော်​မူ​၏။ရေ​နက်​ကြီး​ထဲ​မှ​ငါ့​ကို​ဆယ်​တင်​တော်​မူ​၏။

18 ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​သော​ရန်​သူငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏​လက်​မှ ငါ့​ကို​ကယ်​တော်​မူ​၏။သူ​တို့​သည်​ငါ​ပြိုင်​၍​မ​ရ​နိုင်​အောင်​ခွန်​အား ကြီး​ပါ​၏။

19 ငါ​သည်​ဒုက္ခ​ရောက်​သော​အ​ခါ​သူ​တို့​သည် ငါ့​ကို​တိုက်​ခိုက်​ကြ​၏။သို့​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။