၂ ရာ​ချုပ် 11:1-11 BCL

1 ရော​ဗောင်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် ရောက်​လာ​သော​အ​ခါ ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​လက်​ရွေး​စင်​တပ်​သား​တစ်​သိန်း​ရှစ်​သောင်း ကို​စု​ရုံး​စေ​တော်​မူ​၏။ မင်း​ကြီး​သည်​ဣသ​ရေ​လ ပြည်​မြောက်​ပိုင်း​နယ်​မြေ​များ​ကို ပြန်​လည်​သိမ်း ပိုက်​နိုင်​ရန်​စစ်​ဆင်​မည်​အ​ကြံ​ရှိ​တော်​မူ​၏။-

2-4 သို့​ရာ​တွင်​ထာဝ​ရ​ဘု​ရား​က``သင်​တို့​အား​လုံး မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ​လော့။ ဣသ​ရေ​လ အ​မျိုး​သား​အ​ချင်း​ချင်း​မ​တိုက်​ခိုက်​ကြ နှင့်။ ယ​ခု​ဖြစ်​ပွား​ခဲ့​သော​အ​မှု​သည်​ငါ​၏ အ​လို​တော်​အ​ရ​ဖြစ်​ကြောင်း​ကို ရော​ဗောင် မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား​ဆင့်​ဆို​လော့'' ဟု​ပ​ရော ဖက်​ရှေ​မာ​ယ​အား​မိန့်​တော်​မူ​၏။ ထို​သူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​နာ​ခံ​လျက်​ယေ​ရော​ဗောင်​ကို​စစ် မ​တိုက်​ဘဲ​ပြန်​ကြ​ကုန်​၏။

5 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​၌​နန်း​စံ​၍ ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​များ​ရှိ၊-

6-7 ဗက်​လင်​မြို့၊ ဧ​တံ​မြို့၊ တေ​ကော​မြို့၊- ဗက်​ဇု​ရ မြို့၊ ရှော​ကော​မြို့၊ အ​ဒု​လံ​မြို့၊-

8-9 ဂါ​သ​မြို့၊ မ​ရေ​ရှ​မြို့၊ ဇိ​ဖ​မြို့၊- အ​ဒေါ​ရိမ် မြို့၊ လာ​ခိ​ရှ​မြို့၊ အ​ဇေ​ကာ​မြို့၊-

10 ဇော​ရာ​မြို့၊ အာ​ဇ​လုန်​မြို့၊ ဟေ​ဗြုန်​မြို့​များ ကို​တံ​တိုင်း​ကာ​စေ​တော်​မူ​၏။-

11 ထို​မြို့​တို့​ကို​ခိုင်​ခံ့​စွာ​တံ​တိုင်း​ကာ​ပြီး​လျှင် မြို့​တိုင်း​တွင် တပ်​မှူး​တစ်​ဦး​စီ​ခန့်​ထား​၍ ဆီ၊ စ​ပျစ်​ရည်၊ စား​နပ်​ရိက္ခာ၊-