1 ရောဗောင်မင်းသည်ယေရုရှလင်မြို့သို့ပြန် ရောက်လာသောအခါ ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း ကိုစုရုံးစေတော်မူ၏။ မင်းကြီးသည်ဣသရေလ ပြည်မြောက်ပိုင်းနယ်မြေများကို ပြန်လည်သိမ်း ပိုက်နိုင်ရန်စစ်ဆင်မည်အကြံရှိတော်မူ၏။-
2-4 သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
5 ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
6-7 ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊- ဗက်ဇုရ မြို့၊ ရှောကောမြို့၊ အဒုလံမြို့၊-
8-9 ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊- အဒေါရိမ် မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊-