၂ ရာ​ချုပ် 11:14-20 BCL

14 ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နှင့်​သူ​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​တို့​သည် လေ​ဝိ​အ​နွယ်​ဝင် တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ်​ဖြင့်​အ​မှု​တော်​ထမ်း​ဆောင်​ရန်​ခွင့်​မ​ပြု ကြ​ချေ။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် မိ​မိ​တို့​၏​စား​ကျက်​များ​နှင့်​အ​ခြား​မြေ​ယာ များ​ကို​စွန့်​၍ ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​ရှိ​လာ​ကြ​၏။-

15 ယေ​ရော​ဗောင်​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န များ​၌​လည်း​ကောင်း၊ နတ်​မိစ္ဆာ​များ​နှင့်​မိ​မိ သွန်း​လုပ်​ထား​သည့်​နွား​သ​ငယ်​ရုပ်​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ရာ​၌​လည်း​ကောင်း​အ​မှု​တော် ဆောင်​ရန်​မိ​မိ​အ​လို​ရှိ​သူ​တို့​အား​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ်​ခန့်​ထား​တော်​မူ သည်။-

16 ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မှန်​အ​ကန်​ဝတ်​ပြု ကိုး​ကွယ်​လို​သူ ဣသ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​များ​ကို​ပူ​ဇော်​နိုင် ရန် လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​ယေ​ရု​ရှ လင်​မြို့​သို့​လိုက်​သွား​ကြ​၏။-

17 သူ​တို့​သည်​ယု​ဒ​ပြည်​ကို​အင်​အား​တောင့် တင်း​လာ​စေ​လျက် သုံး​နှစ်​တိုင်​တိုင်​ရှော​လ​မုန် ၏​သား​ရော​ဗောင်​ကို​အား​ပေး​ထောက်​ခံ​ကာ ဒါ​ဝိဒ်​မင်း​နှင့်​ရှော​လ​မုန်​မင်း​တို့​အုပ်​စိုး ချိန်​ကဲ့​သို့​နေ​ထိုင်​ကြ​လေ​သည်။

18 ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။-

19 သူ​တို့​သည်​ယု​ရှ၊ ရှ​မာ​ရိ​နှင့်​ဇာ​ဟံ​ဟူ​သော သား​သုံး​ယောက်​ကို​ရ​ကြ​၏။-

20 ထို​နောက်​ရော​ဗောင်​သည်​အ​ဗ​ရှ​လုံ​၏​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်​၍ အ​ဘိ​ယ၊ အတ္တဲ၊ ဇိ​ဇ၊ ရှေ​လော မိတ်​ဟူ​သော​သား​လေး​ယောက်​ကို​ရ​လေ​သည်။-