၂ ရာ​ချုပ် 11:18-23 BCL

18 ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။-

19 သူ​တို့​သည်​ယု​ရှ၊ ရှ​မာ​ရိ​နှင့်​ဇာ​ဟံ​ဟူ​သော သား​သုံး​ယောက်​ကို​ရ​ကြ​၏။-

20 ထို​နောက်​ရော​ဗောင်​သည်​အ​ဗ​ရှ​လုံ​၏​သ​မီး မာ​ခါ​နှင့်​စုံ​ဖက်​၍ အ​ဘိ​ယ၊ အတ္တဲ၊ ဇိ​ဇ၊ ရှေ​လော မိတ်​ဟူ​သော​သား​လေး​ယောက်​ကို​ရ​လေ​သည်။-

21 ရော​ဗောင်​တွင်​စု​စု​ပေါင်း​မိ​ဖု​ရား​တစ်​ဆယ့် ရှစ်​ပါး​နှင့် မောင်း​မ​မိ​ဿံ​ခြောက်​ဆယ်​ရှိ​၏။ သူ​သည်​သား​နှစ်​ဆယ့်​ရှစ်​ယောက်​နှင့်​သ​မီး ခြောက်​ဆယ်​တို့​၏​ဖခင်​ဖြစ်​သော်​လည်း မိ​မိ​၏ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​အ​ပေါင်း​တို့ အ​နက်​မာ​ခါ​ကို​အ​များ​ဆုံး​ချစ်​တော်​မူ​၏။-

22 သို့​ဖြစ်​၍​မင်း​ကြီး​သည်​မာ​ခါ​နှင့်​ရ​သော​သား တော်​အ​ဘိ​ယ​ကို အ​ခြား​သား​သ​မီး​အ​ပေါင်း တို့​ထက်​ပို​၍​မျက်​နှာ​သာ​ပေး​ကာ မိ​မိ​၏​အ ရိုက်​အ​ရာ​ကို​ဆက်​ခံ​မင်း​လုပ်​ရ​မည့်​သူ အ​ဖြစ်​ဖြင့်​ရွေး​ချယ်​ထား​တော်​မူ​လေ​သည်။-

23 ရော​ဗောင်​သည်​ပ​ညာ​သ​တိ​ရှိ​စွာ​မိ​မိ​၏​သား တော်​များ​အား​တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ဝေ​သတ် မှတ်​ပေး​ပြီး​လျှင် ယု​ဒ​နှင့်​ဗင်္ယာ​မိန်​နယ်​မြေ​တစ် လျှောက်​ရှိ​ခံ​တပ်​မြို့​များ​တွင်​နေ​ရာ​ချ​ထား တော်​မူ​၏။ မင်း​ကြီး​သည်​သူ​တို့​အား​ရက်​ရော စွာ​စား​နပ်​ရိက္ခာ​များ​ထောက်​ပံ့​၍​ကြင်​ဖော် အ​မြောက်​အ​မြား​ကို​လည်း​ရှာ​ပေး​တော် မူ​၏။