၂ ရာ​ချုပ် 12:13-16 BCL

13 ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နန်း​စံ​ကာ ရာ​ဇ​တန်​ခိုး​တိုး​တက်​လာ​လေ​သည်။ နန်း​တက် စဉ်​အ​ခါ​က​သူ​သည်​သက်​တော်​လေး​ဆယ့်​တစ် နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​တော်​မူ​၏။ ဣ​သ​ရေ​လ​နွယ်​အ​ပေါင်း​တို့ နေ​ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ထို​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​သ​တည်း။ ရော​ဗောင်​၏​မယ်​တော်​မှာ​အမ္မုန်​ပြည်​သူ၊ နေ​မ ဖြစ်​၏။-

14 မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​ရှာ​လို​စိတ်​မ​ရှိ​သ​ဖြင့်​ဒု​စ​ရိုက်​ကို​ပြု တော်​မူ​၏။

15 ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-

16 ရော​ဗောင်​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ် မြို့​တော်​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ သူ​၏​သား​တော်​အ​ဘိ​ယ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။