6 မင်းကြီးနှင့်ခေါင်းဆောင်များသည်မိမိ တို့အပြစ်ကူးခဲ့သည်ကိုဝန်ခံကြပြီး လျှင်``ထာဝရဘုရားသည်တရားမျှတ တော်မူပါ၏'' ဟုဆိုကြ၏။
7 ဤအချင်းအရာကိုထာဝရဘုရားမြင် တော်မူသောအခါ``သူတို့သည်မိမိတို့အပြစ် ကိုဝန်ခံကြသည်ဖြစ်၍ငါသည်သူတို့အား ဖျက်ဆီးမည်မဟုတ်။ ရှိရှက်တိုက်ခိုက်မှုကြောင့် သူတို့သည်ပျက်စီးခြင်းဘေးမှလွတ်ရုံမျှ သာရှိလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း ငါ၏အမျက်တော်အရှိန်ကိုအပြည့်အဝ ခံရမည်မဟုတ်။-
8 သို့ရာတွင်ရှိရှက်သည်သူတို့ကိုအနိုင်ရလိမ့် မည်။ သူတို့သည်ငါ၏အမှုတော်ကိုဆောင်ရွက် ခြင်းနှင့်လောကီဘုရင်တို့၏အမှုကိုဆောင် ရွက်ခြင်းကွာခြားပုံကိုသိရှိကြလိမ့်မည်'' ဟုရှေမာယထံဗျာဒိတ်တော်ရောက်လာ၏။
9 ရှိရှက်မင်းသည်ယေရုရှလင်မြို့သို့ချီတက် ၍ ရှောလမုန်မင်းပြုလုပ်ထားခဲ့သောရွှေဒိုင်း လွှားများအပါအဝင် ဗိမာန်တော်နှင့်နန်း တော်ဘဏ္ဍာရှိသမျှကိုသိမ်းယူသွားလေ သည်။-
10 ရောဗောင်မင်းသည်ထိုဒိုင်းလွှားများကိုအစား ထိုးရန်ကြေးဝါဒိုင်းလွှားများပြုလုပ်၍ နန်းတော် အဝင်တံခါးများတွင်တာဝန်ကျသည့်တပ်မှူး တို့ကိုပေးအပ်တော်မူ၏။-
11 ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်းကိုယ်ရံတော်တပ်သားတို့သည် ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြပြီးနောက်ကင်းစောင့် ခန်းတွင်ပြန်၍ထားရကြ၏။-
12 မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။