1 အဘိယကွယ်လွန်သောအခါ ဒါဝိဒ်မြို့တော် ရှိဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာသသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ ထိုမင်း၏လက်ထက်၌ပြည်တော် သည် ဆယ်နှစ်တိုင်တိုင်ငြိမ်းချမ်းသာယာလျက် နေ၏။-
2 အာသသည်ကောင်းသောအမှု၊ ဖြောင့်မတ်သော အမှုတို့ကိုပြုကြသဖြင့် ထာဝရဘုရား ၏ရှေ့တော်တွင်မျက်နှာရတော်မူ၏။-
3 သူသည်လူမျိုးခြားတို့၏ယဇ်ပလ္လင်များနှင့် ရုပ်တုကိုးကွယ်ရာဌာနများကိုဖြိုဖျက် ပြီးလျှင် ကျောက်တိုင်များနှင့်တံခွန်တိုင် များကိုခုတ်လှဲဖျက်ဆီးလေသည်။-
4 ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။-
5 ယုဒပြည်အမြို့မြို့မှရုပ်တုကိုးကွယ်ရာ ဌာနများနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင် များကိုဖျက်ဆီးတော်မူသဖြင့် ထိုမင်း၏ လက်ထက်၌နိုင်ငံတော်သည်ငြိမ်းချမ်း သာယာလျက်နေ၏။-
6 သူသည်မိမိနန်းစံနေချိန်၌ယုဒမြို့များ ကို တံတိုင်းကာရံစေတော်မူ၏။ ထာဝရ ဘုရားသည်သူ့အားငြိမ်းချမ်းသာယာရေး ကိုပေးတော်မူသဖြင့် နှစ်ပေါင်းများစွာစစ် ဖြစ်ပွားမှုမရှိချေ။-
7 မင်းကြီးကယုဒပြည်သူတို့အား``မြို့ရိုး များ၊ ပြအိုးများ၊ ကန့်လန့်ကျင်များတပ်ဆင် ထားသည့်မြို့တံခါးများနှင့်ပြည့်စုံသော မြို့များကိုတည်ဆောက်ကြကုန်အံ့။ ငါတို့ သည်ဘုရားသခင်အလိုတော်ကိုလိုက် လျှောက်သည်ဖြစ်၍ ပြည်တော်ကိုထိန်းသိမ်း အုပ်ချုပ်နိုင်ကြပေသည်။ ထာဝရဘုရား ကလည်းငါတို့အားကာကွယ်စောင့်ရှောက် ၍ ပတ်ဝန်းကျင်အရပ်ရပ်တွင်လုံခြုံမှုကို ပေးတော်မူပြီ'' ဟုမိန့်ဆိုသည့်အတိုင်းခံ တပ်မြို့များကိုတည်ဆောက်၍ထမြောက် အောင်မြင်ကြ၏။-