၂ ရာ​ချုပ် 18:16-22 BCL

16 ထို​အ​ခါ​မိက္ခာ​က``ဣသ​ရေ​လ​ပြည်​သူ​တို့​သည် သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့​တောင်​ကုန်း များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို​ငါ မြင်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​အေး​ချမ်း​စွာ​ပြန်​ခွင့်​ပြု​လော့' ဟု​မိန့် တော်​မူ​ပါ​သည်''ဟု​ဆို​၏။

17 အာ​ဟပ်​သည်​ယော​ရှ​ဖတ်​အား``ဤ​သူ​သည် အ​ဘယ်​အ​ခါ​၌​မျှ​ကျွန်ုပ်​အ​တွက်​အ​ကောင်း ကို​မ​ဟော။ အ​ဆိုး​ကို​သာ​အ​စဉ်​ဟော​တတ် ကြောင်း​အ​ဆွေ​တော်​အား​ကျွန်ုပ်​ဖော်​ပြ​ပြီး လေ​ပြီ'' ဟု​ဆို​၏။

18 မိက္ခာ​က​ဆက်​လက်​၍​အာ​ဟပ်​အား``ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​ခု​နား ထောင်​ပါ​လော့။ ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင် ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော် မူ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​ပါး တော်​တွင် ကောင်း​ကင်​တ​မန်​များ​ရပ်​လျက်​နေ ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။-

19 ထာ​ဝ​ရ​ဘု​ရား​က`အာ​ဟပ်​သည်​ရာ​မုတ်​မြို့​ကို သွား​၍​အ​သတ်​ခံ​ရ​စေ​ရန်​သူ့​အား​အ​ဘယ်​သူ လိမ်​လည်​လှည့်​စား​ပါ​မည်​နည်း' ဟု​မေး​တော်​မူ လျှင်​ကောင်း​ကင်​တ​မန်​တို့​သည်​အ​မျိုး​မျိုး အ​ဖုံ​ဖုံ​လျှောက်​ထား​ကြ​၏။-

20 နောက်​ဆုံး​၌​ဝိ​ညာဉ်​တစ်​ပါး​သည်​ထာ​ဝရ​ဘု​ရား ၏​ရှေ့​တော်​သို့​လာ​၍`ဤ​သူ​အား​အ​ကျွန်ုပ်​လိမ် လည်​လှည့်​စား​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ ဘုရား​က`အ​ဘယ်​သို့​နည်း' ဟု​မေး​တော်​မူ​သော်၊-

21 ထို​ဝိ​ညာဉ်​က`အ​ကျွန်ုပ်​သည်​အာ​ဟပ်​၏​ပ​ရော​ဖက် များ​ထံ​သို့​သွား​၍​သူ​တို့​အား​လိမ်​လည်​ဟော​ပြော စေ​ပါ​မည်' ဟု​လျှောက်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`သင် သွား​၍​အာ​ဟပ်​အား​လိမ်​လည်​လှည့်​စား​လော့။ အောင်​မြင်​ခွင့်​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​၏'' ဟု​ဆင့်​ဆို​လေ​၏။

22 ထို​နောက်​မိက္ခာ​က``ထာ​ဝရ​ဘု​ရား​သည်​ဤ​ပ​ရော ဖက်​တို့​ကို​အ​ရှင့်​အား​လိမ်​လည်​ဟော​ပြော​စေ တော်​မူ​၏။ သို့​ရာ​တွင်​အ​ရှင်​တွေ့​ကြုံ​ရ​မည့်​ဘေး အန္တ​ရာယ်​ကို​မူ​ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​တိုင် စီ​ရင်​ခွဲ​ခန့်​ထား​တော်​မူ​၏'' ဟု​ဆို​လေ​သည်။