၂ ရာ​ချုပ် 18:31-34 BCL

31 ထို​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင် သော​အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ ပြန်​လှည့်​၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ ဖတ်​ဟစ်​အော်​လိုက်​သော​အ​ခါ​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​သည်​သူ့​ကို​ကယ်​ဆယ်​၍ ရန်​သူ တို့​သည်​အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​တိုက်​ခိုက် ကြ​၏။-

32 ရ​ထား​တပ်​မှူး​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင် မ​ဟုတ်​ကြောင်း​သိ​သော်​လွှဲ​ရှောင်​သွား​ကြ​၏။-

33 သို့​ရာ​တွင်​ရှု​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို​ပစ်​လွှတ်​လိုက်​ရာ အ​မှတ်​မ​ထင် အာ​ဟပ်​၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို ထိ​မှန်​သွား​လေ​သည်။ မင်း​ကြီး​သည်​မိ​မိ​ကို မြား​ချက်​ထိ​ပြီ​ဖြစ်​ကြောင်း​ပြော​ပြီး​နောက် ရ​ထား​မှူး​အား​တိုက်​ပွဲ​မှ​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။-

34 တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​ရ​ထား​ပေါ် တွင်​မှီ​၍​ထိုင်​နေ​၏။ နေ​ဝင်​ချိန်​၌​ကွယ်​လွန် လေ​၏။