5 သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ဘုရားသခင်သည်အရှင့်အားအောင်ပွဲခံစေတော် မူပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။