13 သို့ဖြစ်၍အကျွန်ုပ်သည်ဟိရံဆိုသူလက်မှု ပညာဆရာကိုအဆွေတော်ထံသို့စေလွှတ် လိုက်ပါမည်။ သူသည်ဉာဏ်ပညာထက်မြက် ၍အလုပ်ကျွမ်းကျင်သူဖြစ်ပေသည်။-
14 သူ၏အမိသည်ဒန်အနွယ်ဝင်၊ သူ၏အဖမှာ တုရုမြို့သားဖြစ်ပါ၏။ သူသည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်နှင့်သစ်သားပစ္စည်းအသုံး အဆောင်များကိုပြုလုပ်တတ်၍နီ၊ ပြာ၊ ညို မောင်းသောအထည်များ၊ ပိတ်ချောထည်များ ကိုလည်းယက်လုပ်တတ်ပါသည်။ တီထွင်မှု လုပ်ငန်းအမျိုးမျိုးတွင်ကျွမ်းကျင်၍သူ့ အားအကြံပေးဖော်ပြသည့်ပုံစံအတိုင်း လုပ်ကိုင်နိုင်သူဖြစ်ပေသည်။ သူ့အား အဆွေတော်၏ခမည်းတော်အသုံးပြု ခဲ့သည့်လက်မှုပညာသည်များနှင့်အတူ လုပ်ကိုင်စေပါလော့။-
15 အဆွေတော်ကတိပြုသည်အတိုင်းယခု ကျွန်ုပ်ထံသို့ဂျုံ၊ မုယောဆန်၊ စပျစ်ရည် နှင့်သံလွင်ဆီတို့ကိုပေးပို့လိုက်ပါလော့။-
16 ကျွန်ုပ်သည်လေဗနုန်တောင်ပေါ်ရှိသစ်ကတိုး ပင်များကိုအဆွေတော်လိုသမျှခုတ်လှဲ၍ ဖောင်ဖွဲ့ကာပင်လယ်လမ်းဖြင့်ယုပ္ပေမြို့အရောက် စုန်မျောစေပါမည်။ ထိုမြို့မှယေရုရှလင်မြို့ သို့အဆွေတော်၏လူတို့သယ်ယူနိုင်ကြ ပါသည်'' ဟုဖော်ပြပါရှိ၏။
17 ရှောလမုန်မင်းသည်ခမည်းတော်ဒါဝိဒ်မင်း သန်းခေါင်စာရင်းကောက်ယူသည့်နည်းတူ ဣသရေလနိုင်ငံတွင်နေထိုင်သူလူမျိုးခြား များကိုသန်းခေါင်စာရင်းကောက်ယူတော် မူရာ လူပေါင်းတစ်သိန်းငါးသောင်းသုံးထောင့် ခြောက်ရာရလေသည်။-
18 မင်းကြီးသည်ထိုသူတို့အနက်ပစ္စည်းသယ် ယူရန်လူခုနစ်သောင်း၊ တောင်ပေါ်တွင်ကျောက် ဆစ်ရန်လူရှစ်သောင်း၊ အလုပ်ကြီးကြပ် အုပ်ချုပ်ရန်လူသုံးထောင့်ခြောက်ရာကို ခန့်ထားတော်မူ၏။