12 မင်းကြီးနှင့်ယောယဒသည် ထိုငွေကိုဗိမာန် တော်မွမ်းမံပြင်ဆင်မှုလုပ်ငန်းကြီးကြပ်သူ များ၏လက်သို့ပေးအပ်ကြ၏။ ကြီးကြပ်သူ တို့သည်မွမ်းမံပြင်ဆင်မှုအတွက် ပန်းရန် သမား၊ လက်သမား၊ ပန်းပဲ၊ ပန်းတဉ်း သမားတို့ကိုငှားရမ်းကြ၏။-
13 ထိုအလုပ်သမားအားလုံးပင်အလုပ်ကို ကြိုးစားလုပ်ကိုင်လျက် ဗိမာန်တော်ကိုနဂို အတိုင်းခိုင်ခိုင်ခံ့ခံ့ပြန်လည်ရောက်ရှိစေ ကြ၏။-
14 သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
15 သူသည်အလွန်အို၍အသက်တစ်ရာ့သုံး ဆယ်ရှိသောအခါကွယ်လွန်လေသည်။-
16 ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။
17 သို့ရာတွင်ယောယဒကွယ်လွန်ပြီးသည်နောက် ယုဒအမျိုးသားခေါင်းဆောင်များသည် ယောရှ မင်းအားမိမိတို့၏စကားကိုနားထောင်ရန် သွေးဆောင်ကြ၏။-
18 ပြည်သူတို့သည်ဗိမာန်တော်တွင်ဘိုးဘေး များ၏ ဘုရားသခင်ထာဝရဘုရားဝတ် ပြုကိုးကွယ်မှုကိုစွန့်လျက် ရုပ်တုများနှင့် အာရှရဘုရားမ၏တံခွန်တိုင်များကို ဝတ်ပြုရှိခိုးကြလေသည်။ ဤသို့သူတို့ ကူးလွန်သည့်အပြစ်အတွက် ထာဝရ ဘုရား၏အမျက်တော်သည်ယုဒပြည် နှင့်ယေရုရှလင်မြို့အပေါ်သို့သက် ရောက်တော်မူ၏။-