၂ ရာ​ချုပ် 24:9-15 BCL

9 သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-

10 ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။-

11 နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။

12 မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-

13 ထို​အ​လုပ်​သ​မား​အား​လုံး​ပင်​အ​လုပ်​ကို ကြိုး​စား​လုပ်​ကိုင်​လျက် ဗိ​မာန်​တော်​ကို​န​ဂို အ​တိုင်း​ခိုင်​ခိုင်​ခံ့​ခံ့​ပြန်​လည်​ရောက်​ရှိ​စေ ကြ​၏။-

14 သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-

15 သူ​သည်​အ​လွန်​အို​၍​အ​သက်​တစ်​ရာ့​သုံး ဆယ်​ရှိ​သော​အ​ခါ​ကွယ်​လွန်​လေ​သည်။-