၂ ရာ​ချုပ် 25:1-4 BCL

1 အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-

2 သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။-

3 သူ​သည်​အာ​ဏာ​တည်​မြဲ​မှု​ရ​ရှိ​လာ​သည်​နှင့် တစ်​ပြိုင်​နက် မိ​မိ​၏​ခ​မည်း​တော်​ကို​သတ်​ကြ သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-

4 သို့​ရာ​တွင်​သူ​တို့​၏​သား​သ​မီး​တို့​ကို​ကား``မိ ဘ​တို့​သည်​သား​သ​မီး​တို့​ကူး​လွန်​သည့်​ပြစ်​မှု ကြောင့်​အ​သတ်​မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည် လည်း​မိ​ဘ​တို့​ကူး​လွန်​သည့်​ပြစ်​မှု​ကြောင့် အ​သတ်​မ​ခံ​စေ​ရ။ မည်​သူ​မ​ဆို​မိ​မိ​ကူး လွန်​သည့်​ပြစ်​မှု​ကြောင့်​သာ​အ​သတ်​ခံ​စေ​ရ မည်'' ဟူ​၍​မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင်​ပါ ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော်​နှင့် အ​ညီ​မ​ကွပ်​မျက်​ချေ။