18 ယဟောရှက``အခါတစ်ပါး၌လေဗနုန် တောင်ထိပ်တွင် ဆူးပင်သည်သစ်ကတိုးပင် ထံစေတမန်လွှတ်၍`သင်၏သမီးကိုငါ့ သားနှင့်ပေးစားပါလော့' ဟုပြောကြား စဉ်အနီးမှဖြတ်၍လာသောတောတိရစ္ဆာန် သည်ထိုဆူးခြုံကိုနင်းချေလိုက်လေသည်။-
19 အချင်းအာမဇိ၊ ယခုအဆွေတော်သည် ဧဒုံအမျိုးသားတို့ကိုနှိမ်နင်းလိုက်ပြီဟု ဝါကြွားပြောဆို၏။ သို့ရာတွင်အဆွေတော် နန်းတော်၌ပင်စံမြဲစံနေရန်ကျွန်ုပ်အကြံ ပေးပါ၏။ အဘယ်ကြောင့်အဆွေတော်နှင့်ပြည် သူတို့အား ဆုံးပါးပျက်စီးစေမည့်ဘေး ဒုက္ခကိုရှာလိုပါသနည်း'' ဟုပြန်ကြား လိုက်၏။
20 သို့ရာတွင်သူ၏စကားကို အာမဇိသည် နားမထောင်။ သူသည်ဧဒုံအမျိုးသားတို့ ကိုးကွယ်သည့်ရုပ်တုများကိုဝတ်ပြုရှိခိုး သဖြင့် သူ့အားအရေးရှုံးနိမ့်စေရန်ထာဝရ ဘုရားအလိုရှိတော်မူ၏။-
21 ထိုကြောင့်ဣသရေလဘုရင်ယဟောရှ သည် ယုဒဘုရင်အာမဇိနှင့်စစ်ပြိုင်တိုက် ခိုက်လေသည်။ ယုဒပြည်ဗက်ရှေမက်မြို့ တွင်တိုက်ပွဲဖြစ်ရာ၊-
22 ယုဒတပ်မတော်သည်အရေးရှုံးနိမ့်သဖြင့် စစ်သည်တော်တို့သည် မိမိတို့နေရပ်သို့ ထွက်ပြေးကြကုန်၏။-
23 ယဟောရှသည်အာမဇိကိုဖမ်းဆီးကာ ယေရုရှလင်မြို့သို့ပို့ပြီးလျှင် မြို့ရိုးကို ဧဖရိမ်တံခါးမှထောင့်တံခါးတိုင်အောင် ကိုက်နှစ်ရာမျှကိုဖြိုချလိုက်၏။-
24 သူသည်သြဗဒေဒုံ၏သားမြေးများစောင့် ကြပ်သောဗိမာန်တော်ထဲရှိ ရွှေ၊ ငွေ၊ ဗိမာန် တော်အသုံးအဆောင်ဟူသမျှနှင့်နန်းတော် ရှိဘဏ္ဍာများကိုယူ၍ ရှမာရိမြို့သို့ပြန် သွားတော်မူ၏။ မင်းကြီးသည်ဋ္ဌားစားခံ များကိုလည်းခေါ်ဆောင်ခဲ့၏။