၂ ရာ​ချုပ် 27:5-9 BCL

5 အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။-

6 ယော​သံ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​မတ်​တည်း လိုက်​နာ​သ​ဖြင့်​တန်​ခိုး​ကြီး​လာ​၏။-

7 ယော​သံ​၏​နန်း​သက်​အ​တွင်း​ဖြစ်​ပျက်​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ သူ​ဆင်​နွှဲ​သည့် စစ်​ပွဲ​များ​နှင့်​သူ​ချ​မှတ်​သည့်​မူ​ဝါ​ဒ​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​နှင့်​ယု​ဒ​ရာ​ဇ​ဝင် တို့​တွင်​ရေး​ထား​သ​တည်း။-

8 ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။-

9 သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား​တော်​အာ​ခတ် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။