၂ ရာ​ချုပ် 3:14-17 BCL

14 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက်​ပိတ်​ချော ချည်​မှ​စ​၍​အ​ပြာ၊ အ​မောင်း၊ အနီ​ချည်​တို့​ဖြင့် ပြီး​၍​ခေ​ရု​ဗိမ်​ရုပ်​များ​ဖြင့်​ခြယ်​လှယ်​ထား သော​ကန့်​လန့်​ကာ​ကို​လည်း​ယက်​လုပ်​ထား လေ​သည်။

15 မင်း​ကြီး​သည်​ငါး​ဆယ့်​နှစ်​ပေ​မြင့်​သော​တိုင် ကြီး​နှစ်​လုံး​ကို​သွန်း​လုပ်​ပြီး​လျှင်​ဗိ​မာန်​တော် ၏​ရှေ့​တွင်​ထား​တော်​မူ​၏။ တိုင်​ထိပ်​တစ်​ခု​စီ ပေါ်​တွင်​ခု​နစ်​ပေ​ခွဲ​မြင့်​သော​တိုင်​အုပ်​ရှိ​၏။-

16 တိုင်​ထိပ်​များ​မှာ​ထု​လုပ်​သော​ပန်း​ကုန်း​နှင့် ကြေး​ဝါ​သ​လဲ​သီး​တစ်​ရာ​စီ​ဖြင့်​တန်​ဆာ ဆင်​ထား​လေ​သည်။-

17 ထို​တိုင်​ကြီး​တို့​ကို​ဗိ​မာန်​တော်​အ​ဝ​တစ်​ဖက် တစ်​ချက်​တွင်​ထား​ရှိ​၍​တောင်​ဘက်​ရှိ​တိုင်​ကြီး ကို​ယာ​ခိန်၊ မြောက်​ဘက်​ရှိ​တိုင်​ကြီး​ကို​ဗော​ဇ ဟု​သ​မုတ်​သ​တည်း။