၂ ရာ​ချုပ် 3:4-10 BCL

4 ဗိ​မာန်​တော်​မုခ်​ဦး​ဆောင်​အ​နံ​သည်​ဗိ​မာန် တော်​၏​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ်​ရှိ​၍ အ​မြင့် ပေ​တစ်​ရာ့​ရှစ်​ဆယ်​ရှိ​လေ​သည်။ ထို​မုခ်​ဦး ဆောင်​အ​တွင်း​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​မွမ်း​မံ ထား​၏။-

5 အ​ခန်း​မ​ကြီး​မှာ​စွန်​ပ​လွံ​ပင်​နှင့် ကွန်​ရွက် ပုံ​သဏ္ဌာန်​များ​ထု​လုပ်​ထား​သော​သစ်​က​တိုး သား​ပျဉ်​များ​တပ်​ဆင်​ကာ​ရွှေ​ဖြင့်​မွမ်း​မံ ထား​၏။-

6 မင်း​ကြီး​သည်​ဗိ​မာန်​တော်​ကို​လှ​ပ​သော ကျောက်​မျက်​ရ​တ​နာ​များ​ဖြင့်​ချယ်​လှယ်​၍ ပါ​ရ​ဝိမ်​ပြည်​မှ​တင်​သွင်း​သော​ရွှေ​ဖြင့်​မွမ်း မံ​တော်​မူ​၏။-

7 သူ​သည်​ဗိ​မာန်​တော်​နံ​ရံ​များ၊ ထုပ်​များ၊ အ​ဝင် လမ်း​နှင့်​တံ​ခါး​များ​ကို​မွမ်း​မံ​ရန်​အ​တွက်​ရွှေ ကို​အ​သုံး​ပြု​တော်​မူ​သည်။ နံ​ရံ​များ​အ​ပေါ် တွင်​လက်​မှု​ပ​ညာ​သည်​တို့​သည်​ခေ​ရု​ဗိမ် ရုပ်​များ​ကို​ထွင်း​ထား​ကြ​၏။-

8 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​နာ​မည်​တွင် သော​အ​တွင်း​ခန်း​သည်​အ​လျား​မှာ​ပေ​သုံး​ဆယ်၊ အ​နံ​မှာ​ဗိ​မာန်​တော်​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ် ရှိ​၏။ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​မွမ်း​မံ ရန်​ရွှေ​နှစ်​ဆယ့်​ငါး​တန်​ကို​အ​သုံး​ပြု​တော် မူ​၏။-

9 ရွှေ​သံ​မှို​များ​ပြု​လုပ်​ရာ​တွင်​ရွှေ​အောင်​စ​နှစ် ဆယ်​ကုန်​လေ​သည်။ အ​ထက်​ခန်း​များ​၏​နံ​ရံ တို့​ကို​လည်း​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သ​တည်း။

10 မင်း​ကြီး​သည်​မိ​မိ​၏​လက်​မှု​ပ​ညာ​သည်​တို့ အား​ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​ကို​ထု​လုပ်​စေ ၍ ရွှေ​နှင့်​မွမ်း​မံ​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-