၂ ရာ​ချုပ် 3:8-16 BCL

8 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဟု​နာ​မည်​တွင် သော​အ​တွင်း​ခန်း​သည်​အ​လျား​မှာ​ပေ​သုံး​ဆယ်၊ အ​နံ​မှာ​ဗိ​မာန်​တော်​အ​နံ​အ​တိုင်း​ပေ​သုံး​ဆယ် ရှိ​၏။ အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​မွမ်း​မံ ရန်​ရွှေ​နှစ်​ဆယ့်​ငါး​တန်​ကို​အ​သုံး​ပြု​တော် မူ​၏။-

9 ရွှေ​သံ​မှို​များ​ပြု​လုပ်​ရာ​တွင်​ရွှေ​အောင်​စ​နှစ် ဆယ်​ကုန်​လေ​သည်။ အ​ထက်​ခန်း​များ​၏​နံ​ရံ တို့​ကို​လည်း​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သ​တည်း။

10 မင်း​ကြီး​သည်​မိ​မိ​၏​လက်​မှု​ပ​ညာ​သည်​တို့ အား​ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​ကို​ထု​လုပ်​စေ ၍ ရွှေ​နှင့်​မွမ်း​မံ​ကာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-

11-13 ခေ​ရု​ဗိမ်​နှစ်​ပါး​ရုပ်​များ​သည်​တံ​ခါး​ဝ​ကို မျက်​နှာ​မူ​လျက်​တစ်​ပါး​နှင့်​တစ်​ပါး​ယှဉ်​၍ ရပ်​စေ​ကြ​၏။ သူ​တို့​တွင်​ခု​နစ်​ပေ​ခွဲ​ရှည်​သော အ​တောင်​နှစ်​ခု​စီ​ရှိ​၏။ သူ​တို့​သည်​အ​တောင် များ​ကို​အ​နံ​ပေ​သုံး​ဆယ်​ရှိ​သော​အ​ခန်း​ကို ဖြတ်​၍​ဖြန့်​ထား​ကြ​သ​ဖြင့် အ​တောင်​နှစ်​ခု သည်​အ​ခန်း​အ​လယ်​တွင်​အ​ဖျား​ချင်း​ထိ လျက်​အ​ခြား​အ​တောင်​နှစ်​ခု​သည်​နံ​ရံ များ​နှင့်​ထိ​လျက်​နေ​၏။-

14 အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက်​ပိတ်​ချော ချည်​မှ​စ​၍​အ​ပြာ၊ အ​မောင်း၊ အနီ​ချည်​တို့​ဖြင့် ပြီး​၍​ခေ​ရု​ဗိမ်​ရုပ်​များ​ဖြင့်​ခြယ်​လှယ်​ထား သော​ကန့်​လန့်​ကာ​ကို​လည်း​ယက်​လုပ်​ထား လေ​သည်။

15 မင်း​ကြီး​သည်​ငါး​ဆယ့်​နှစ်​ပေ​မြင့်​သော​တိုင် ကြီး​နှစ်​လုံး​ကို​သွန်း​လုပ်​ပြီး​လျှင်​ဗိ​မာန်​တော် ၏​ရှေ့​တွင်​ထား​တော်​မူ​၏။ တိုင်​ထိပ်​တစ်​ခု​စီ ပေါ်​တွင်​ခု​နစ်​ပေ​ခွဲ​မြင့်​သော​တိုင်​အုပ်​ရှိ​၏။-

16 တိုင်​ထိပ်​များ​မှာ​ထု​လုပ်​သော​ပန်း​ကုန်း​နှင့် ကြေး​ဝါ​သ​လဲ​သီး​တစ်​ရာ​စီ​ဖြင့်​တန်​ဆာ ဆင်​ထား​လေ​သည်။-