9 ရွှေသံမှိုများပြုလုပ်ရာတွင်ရွှေအောင်စနှစ် ဆယ်ကုန်လေသည်။ အထက်ခန်းများ၏နံရံ တို့ကိုလည်းရွှေဖြင့်မွမ်းမံထားသတည်း။
10 မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
11-13 ခေရုဗိမ်နှစ်ပါးရုပ်များသည်တံခါးဝကို မျက်နှာမူလျက်တစ်ပါးနှင့်တစ်ပါးယှဉ်၍ ရပ်စေကြ၏။ သူတို့တွင်ခုနစ်ပေခွဲရှည်သော အတောင်နှစ်ခုစီရှိ၏။ သူတို့သည်အတောင် များကိုအနံပေသုံးဆယ်ရှိသောအခန်းကို ဖြတ်၍ဖြန့်ထားကြသဖြင့် အတောင်နှစ်ခု သည်အခန်းအလယ်တွင်အဖျားချင်းထိ လျက်အခြားအတောင်နှစ်ခုသည်နံရံ များနှင့်ထိလျက်နေ၏။-
14 အလွန်သန့်ရှင်းရာဌာနတော်အတွက်ပိတ်ချော ချည်မှစ၍အပြာ၊ အမောင်း၊ အနီချည်တို့ဖြင့် ပြီး၍ခေရုဗိမ်ရုပ်များဖြင့်ခြယ်လှယ်ထား သောကန့်လန့်ကာကိုလည်းယက်လုပ်ထား လေသည်။
15 မင်းကြီးသည်ငါးဆယ့်နှစ်ပေမြင့်သောတိုင် ကြီးနှစ်လုံးကိုသွန်းလုပ်ပြီးလျှင်ဗိမာန်တော် ၏ရှေ့တွင်ထားတော်မူ၏။ တိုင်ထိပ်တစ်ခုစီ ပေါ်တွင်ခုနစ်ပေခွဲမြင့်သောတိုင်အုပ်ရှိ၏။-
16 တိုင်ထိပ်များမှာထုလုပ်သောပန်းကုန်းနှင့် ကြေးဝါသလဲသီးတစ်ရာစီဖြင့်တန်ဆာ ဆင်ထားလေသည်။-
17 ထိုတိုင်ကြီးတို့ကိုဗိမာန်တော်အဝတစ်ဖက် တစ်ချက်တွင်ထားရှိ၍တောင်ဘက်ရှိတိုင်ကြီး ကိုယာခိန်၊ မြောက်ဘက်ရှိတိုင်ကြီးကိုဗောဇ ဟုသမုတ်သတည်း။