17 လူအမြောက်အမြားပင်လျှင်ဘာသာရေးထုံး နည်းအရမသန့်စင်သူများဖြစ်သဖြင့် ပသခါ သိုးတို့ကိုမသတ်နိုင်ကြ။ သို့ဖြစ်၍သူတို့ကိုယ် စားလေဝိအနွယ်ဝင်များကသိုးတို့ကိုသတ် ပြီးလျှင် ထာဝရဘုရားအားဆက်ကပ်ပူဇော် ပေးကြ၏။-
18 ဧဖရိမ်၊ မနာရှေ၊ ဣသခါနှင့်ဇာဗုလုန်နွယ် ဝင်အမြောက်အမြားမှာလည်းဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုမပြုဘဲပသခါ ပွဲတော်သို့ဝင်ရောက်ဆင်နွှဲကြသူများဖြစ် ပေသည်။ ထိုသူတို့အတွက်ဟေဇကိမင်းက၊-
19 ``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
20 ထာဝရဘုရားသည်မင်းကြီး၏လျှောက်ထား ချက်ကိုနားညောင်းတော်မူလေသည်။ ကိုယ်တော် သည်လူတို့၏အပြစ်ကိုဖြေလွှတ်တော်မူ၍ သူတို့အားဘေးဥပဒ်ရောက်စေတော်မမူ။-
21 ယေရုရှလင်မြို့တွင်စုဝေးလျက်နေသော လူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ခုနစ်ရက်တိုင်တိုင်တဆေးမဲ့မုန့်ပွဲတော် ကိုကျင်းပကြကုန်၏။ လေဝိအနွယ်ဝင် များနှင့်ယဇ်ပုရောဟိတ်တို့သည်တစ်နေ့ပြီး တစ်နေ့ ထာဝရဘုရား၏ဂုဏ်တော်ကိုအစွမ်း ကုန်ချီးမွမ်းကြလေသည်။-
22 ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-
23 နောက်ထပ်ခုနစ်ရက်ကျင်းပရန်ဆုံးဖြတ်ကြ လျက် ထိုပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာ ဆက်လက်ကျင်းပကြကုန်၏။-