၂ ရာ​ချုပ် 31:10-17 BCL

10 ဇာ​ဒုတ်​၏​သား​မြေး​ယဇ်​ပု​ရော​ဟိတ်​မင်း အာ​ဇ​ရိ​က``ပြည်​သူ​တို့​သည်​ဤ​လှူ​ဖွယ် ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ ချိန်​မှ​အ​စ​ပြု​၍ အ​ကျွန်ုပ်​တို့​စား​သုံး​ရန် အ​လုံ​အ​လောက်​ရ​ရှိ​ကြ​သည့်​အ​ပြင် များ​စွာ​ပင်​ပို​လျှံ​လျက်​နေ​ပါ​၏။ ဤ​မျှ အ​ကျွန်ုပ်​တို့​ရ​ရှိ​ကြ​ခြင်း​မှာ​ထာ​ဝရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်​ဖြစ် ပါ​၏'' ဟု​လျှောက်​လေ​သည်။

11 မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-

12 ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-

13 သူ​တို့​၏​လက်​အောက်​တွင်​အ​မှု​ထမ်း​ရန် လေ​ဝိ အ​နွယ်​ဝင်​ဆယ်​ဦး​ဖြစ်​ကြ​သော​ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ် နှင့်​ဗေ​နာ​ယ​တို့​ကို​လည်း​ခန့်​ထား​ကြ​၏။ ဤ​ရာ​ထူး​များ​ကို​ဟေ​ဇ​ကိ​မင်း​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​အာ​ဇ​ရိ​တို့​၏​အ​မိန့်​အ​ရ ခန့်​ထား​ခြင်း​ဖြစ်​သ​တည်း။-

14 လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။-

15-16 ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-

17 ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​သား ချင်း​စု​အ​လိုက် တာ​ဝန်​ဝတ္တ​ရား​များ​ကို ထမ်း​ဆောင်​ရ​ကြ​၍​အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​လေဝိ​အနွယ်​ဝင်​များ​မှာ​မူ လုပ်​ငန်း အ​ဖွဲ့​များ​အ​လိုက်​တာ​ဝန်​ထမ်း​ဆောင်​ကြ ရ​၏။-