၂ ရာ​ချုပ် 31:18-21 BCL

18 ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-

19 အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။

20 ဟေ​ဇ​ကိ​မင်း​သည်​ယု​ဒ​ပြည်​တစ်​လျှောက် လုံး​တွင်​ဖြောင့်​မှန်​သော၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။-

21 သူ​သည်​ဗိ​မာန်​တော်​အ​တွက်​ပြု​လေ​သ​မျှ သော​အ​မှု​တို့​တွင်​လည်း​ကောင်း၊ ပ​ညတ်​တော် ကို​စောင့်​ထိန်း​ရာ​၌​လည်း​ကောင်း၊ မိ​မိ​၏ ဘု​ရား​သ​ခင်​အား​စိတ်​ရော​ကိုယ်​ပါ ဆည်း ကပ်​လျက်​ပြု​တော်​မူ​သည့်​အ​တွက်​အောင် မြင်​ထ​မြောက်​တော်​မူ​၏။