၂ ရာ​ချုပ် 31:7-13 BCL

7 ထို​လှူ​ဖွယ်​ပစ္စည်း​များ​သည်​တ​တိ​ယ​လ​မှ အ​စ​ပြု​၍ နောက်​လေး​လ​တိုင်​တိုင်​ဆက်​လက် ရောက်​ရှိ​လာ​ကာ​စု​ပုံ​လျက်​နေ​လေ​၏။-

8 မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-

9 မင်း​ကြီး​သည်​ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့် ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မိန့်​ကြား​တော်​မူ​သော အခါ၊-

10 ဇာ​ဒုတ်​၏​သား​မြေး​ယဇ်​ပု​ရော​ဟိတ်​မင်း အာ​ဇ​ရိ​က``ပြည်​သူ​တို့​သည်​ဤ​လှူ​ဖွယ် ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ ချိန်​မှ​အ​စ​ပြု​၍ အ​ကျွန်ုပ်​တို့​စား​သုံး​ရန် အ​လုံ​အ​လောက်​ရ​ရှိ​ကြ​သည့်​အ​ပြင် များ​စွာ​ပင်​ပို​လျှံ​လျက်​နေ​ပါ​၏။ ဤ​မျှ အ​ကျွန်ုပ်​တို့​ရ​ရှိ​ကြ​ခြင်း​မှာ​ထာ​ဝရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်​ဖြစ် ပါ​၏'' ဟု​လျှောက်​လေ​သည်။

11 မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-

12 ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-

13 သူ​တို့​၏​လက်​အောက်​တွင်​အ​မှု​ထမ်း​ရန် လေ​ဝိ အ​နွယ်​ဝင်​ဆယ်​ဦး​ဖြစ်​ကြ​သော​ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ် နှင့်​ဗေ​နာ​ယ​တို့​ကို​လည်း​ခန့်​ထား​ကြ​၏။ ဤ​ရာ​ထူး​များ​ကို​ဟေ​ဇ​ကိ​မင်း​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​အာ​ဇ​ရိ​တို့​၏​အ​မိန့်​အ​ရ ခန့်​ထား​ခြင်း​ဖြစ်​သ​တည်း။-