၂ ရာ​ချုပ် 32:1-5 BCL

1 ဤ​သို့​ဟေ​ဇ​ကိ​သည်​ထာ​ဝရ​ဘု​ရား​အား သစ္စာ​နှင့်​ဆည်း​ကပ်​ကိုး​ကွယ်​လျက်​နေ​သည့် နောက်​ပိုင်း​၌ အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ် သည် ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ လေ​သည်။ သူ​သည်​တံ​တိုင်း​ကာ​ရံ​ထား​သည့် မြို့​များ​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ မြို့​ရိုး​များ ကို​ချိုး​ဖောက်​ဝင်​ရောက်​ရန်​မိမိ​၏​တပ်​မ တော်​အား​အ​မိန့်​ပေး​တော်​မူ​၏။-

2 သ​နာ​ခ​ရိပ်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​လည်း တိုက်​ခိုက်​ရန်​ကြံ​စည်​လျက်​ရှိ​ကြောင်း ဟေ​ဇ​ကိ သိ​မြင်​သော​အ​ခါ၊-

3-4 မိ​မိ​၏​မှူး​မတ်​များ​နှင့်​တိုင်​ပင်​၍​အာ​ရှု​ရိ အ​မျိုး​သား​တို့​ရောက်​လာ​ချိန်​၌ ရေ​မ​ရ​အောင် မြို့​ပြင်​သို့​ရေ​လွှတ်​မြောင်း​များ​ကို​ဖြတ်​တောက် စေ​တော်​မူ​၏။ မှူး​မတ်​တို့​သည်​လူ​အ​မြောက် အ​မြား​ကို​စု​ရုံး​လျက်​စမ်း​ရေ​တွင်း​ရှိ​သ​မျှ တို့​ကို​ပိတ်​ဆို့​လိုက်​ကြ​၏။-

5 မင်း​ကြီး​သည်​မြို့​တော်​ကာ​ကွယ်​ရေး​အ​တွက် ခိုင်​ခံ့​စေ​ရန် မြို့​ရိုး​များ​ကို​ပြန်​လည်​ပြု​ပြင် ခြင်း၊ ပြ​အိုး​များ​ကို​ဆောက်​လုပ်​ခြင်း၊ အ​ပြင် မြို့​ရိုး​တစ်​ထပ်​ကို​တည်​ဆောက်​ခြင်း​တို့​ကို ပြု​တော်​မူ​၏။ ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​ဟောင်း အ​ရှေ့​ပိုင်း​၌​ရှိ​သော​မြေ​က​တုတ်​များ​ကို ပြု​ပြင်​၍ လှံ​နှင့်​ဒိုင်း​လွှား​အ​မြောက်​အ​မြား ကို​ပြု​လုပ်​စေ​တော်​မူ​၏။-