၂ ရာ​ချုပ် 32:6-12 BCL

6 မင်း​ကြီး​သည်​မြို့​သား​အ​ပေါင်း​တို့​အား တပ်​မ​တော်​အ​ရာ​ရှိ​များ​၏​အောက်​တွင် ထား​ရှိ​ကာ​မြို့​တံ​ခါး​ဝ​ရှိ​ကွက်​လပ်​တွင် စု​ဝေး​စေ​ပြီး​လျှင်၊-

7 ``အား​မာန်​တင်း​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ အာ​ရှု​ရိ​ဧ​က​ရာဇ်​ကို​သော်​လည်း​ကောင်း၊ သူ ဦး​စီး​ခေါင်း​ဆောင်​ပြု​သည့်​တပ်​မ​တော်​ကို သော်​လည်း​ကောင်း​မ​ကြောက်​ကြ​နှင့်။ သူ​၏ တန်​ခိုး​စွမ်း​ရည်​ထက်​ပို​မို​ကြီး​မား​သော တန်​ခိုး​စွမ်း​ရည်​ငါ​တို့​တွင်​ရှိ​၏။-

8 သူ​၏​ဘက်​၌​လူ​သား​တို့​၏​တန်​ခိုး​စွမ်း​ရည် သာ​လျှင်​ရှိ​ပေ​သည်။ ငါ​တို့​ဘက်​၌​မူ​ကား ကူ​မ​တော်​မူ​၍​စစ်​ပွဲ​များ​တွင်​ပါ​ဝင်​တိုက် ခိုက်​တော်​မူ​သော​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​ရှိ​တော်​မူ​၏'' ဟု​မိန့်​တော် မူ​လေ​သည်။ ဤ​သို့​မင်း​ကြီး​မိန့်​တော်​မူ သော​စ​ကား​ကြောင့်​လူ​တို့​သည်​အား တက်​လာ​ကြ​ကုန်​၏။

9 ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​သ​နာ ခ​ရိပ်​သည် မိ​မိ​တပ်​မ​တော်​နှင့်​အ​တူ​လာ​ခိ​ရှ မြို့​၌​ပင်​ရှိ​နေ​စဉ် ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင် မြို့​တွင်​ရှိ​နေ​ကြ​သော​ယု​ဒ​ပြည်​သူ​တို့​ထံ သို့​စေ​တ​မန်​လွှတ်​၍၊-

10 ``သင်​တို့​ယေရု​ရှ​လင်​မြို့​သား​များ​သည်​အ​ဝိုင်း ခံ​လျက်​နေ​ရ​ချိန်​၌​ပင်​အ​ဘယ်​သို့​လျှင် စိတ် ချ​လက်​ချ​နေ​နိုင်​ကြ​ပါ​သ​နည်း​ဟု​ငါ အာ​ရှု​ရိ​ဧ​က​ရာဇ်​မေး​မြန်း​လိုက်​၏။-

11 ဟေ​ဇ​ကိ​က​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​သည် သင်​တို့​အား​ငါ​၏​လက်​မှ​ကယ်​တော် မူ​မည်​ဟု​ဆို​ချေ​သည်။ သို့​ရာ​တွင်​ဟေ​ဇ​ကိ သည်​သင်​တို့​အ​စာ​ရေ​စာ​ငတ်​မွတ်​၍​သေ​ကြ စေ​ရန်​လှည့်​စား​ပြော​ဆို​နေ​ခြင်း​ဖြစ်​၏။-

12 ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န များ​နှင့်​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကာ ယု​ဒ ပြည်​သူ​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​ယဇ်​ပလ္လင်​တစ်​ခု​တည်း​တွင်​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​၍​ဝတ်​ပြု​ကိုး​ကွယ် ရန်​ပြော​ကြား​သူ​ကား​ဟေဇ​ကိ​ပင်​ဖြစ်​သည်။-