15 အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
16 ထို့ကြောင့်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်မှု၊ ပသခါပွဲတော်ကျင်းပမှုနှင့်ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ရာပူဇော်သကာများ ကိုဆက်ကပ်မှုတို့အတွက် ယောရှိမင်း၏ အမိန့်တော်အတိုင်းနေ့ချင်းပြင်ဆင်ကြ၏။-
17 ထိုအရပ်၌ရှိကြကုန်သောဣသရေလပြည် သူအပေါင်းတို့သည် ပသခါပွဲတော်နှင့်တဆေး မဲ့မုန့်ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပ ကြလေသည်။-
18-19 ပရောဖက်ရှမွေလလက်ထက်မှအစပြု၍ အဘယ်အခါ၌မျှပသခါပွဲတော်ကို ဤကဲ့ သို့ကျင်းပခဲ့ဘူးသည်မရှိ။ ယောရှိမင်းနန်းစံ တစ်ဆယ့်ရှစ်နှစ်မြောက်၌ယောရှိမင်းနှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ယုဒပြည်သူများ၊ ဣသရေလပြည်သူများ နှင့်ယေရုရှလင်မြို့သူမြို့သားများ ကျင်းပ ကြသည့်ပသခါပွဲတော်မျိုးကိုအခြား အဘယ်ဘုရင်မျှမကျင်းပခဲ့ဘူးချေ။
20 ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
21 နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
22 သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။