၂ ရာ​ချုပ် 4:1-4 BCL

1 ရှော​လ​မုန်​မင်း​သည်​အ​လျား​ပေ​သုံး​ဆယ်၊ အ​မြင့်​တစ်​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ယဇ်​ပလ္လင်​ကို​ပြု​လုပ်​စေ​တော်​မူ​၏။-

2 အ​နက်​ခု​နစ်​ပေ​ခွဲ၊ အ​ချင်း​တစ်​ဆယ့်​ငါး​ပေ၊ လုံး​ပတ်​လေး​ဆယ့်​ငါး​ပေ​ရှိ​သော​ကြေး​ဝါ ရေ​ကန်​ကို​လည်း​ပြု​လုပ်​စေ​တော်​မူ​၏။-

3 ရေ​ကန်​၏​အ​ပြင်​အ​နား​ပတ်​လည်​ကို​နွား​ရုပ် များ​ဖြင့်​တန်​ဆာ​ဆင်​ထား​၏။ ထို​နွား​ရုပ်​များ အထက်​အောက်​အ​တန်း​နှစ်​တန်း​ကို​ရေ​ကန်​နှင့် တစ်​စပ်​တည်း​သွန်း​လုပ်​ထား​သ​တည်း။-

4 ရေ​ကန်​သည်​အ​ရပ်​တစ်​မျက်​နှာ​လျှင်​သုံး​ကောင် ကျ၊ အ​ရပ်​လေး​မျက်​နှာ​မူ​နေ​သော​ကြေး​ဝါ နွား​တစ်​ဆယ့်​နှစ်​ကောင်​၏​ကျော​ကုန်း​ထက်​တွင် တည်​လျက်​ရှိ​၏။-