1 ရှောလမုန်က``အို ထာဝရဘုရား၊ကိုယ်တော်သည်စံတော်မူရန်အတွက်မိုးတိမ်နှင့်မှောင်မိုက်ကို ရွေးချယ်တော်မူပါပြီ။
2 ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟုပတ္ထနာပြုတော်မူ၏။
3 ဣသရေလပြည်သူအပေါင်းတို့သည်ထိုနေရာ တွင်ရပ်လျက်နေကြ၏။ မင်းကြီးသည်သူတို့ ဘက်သို့မျက်နှာမူပြီးလျှင် သူတို့အားဘုရားသခင်ကောင်းချီးပေးရန်တောင်းလျှောက်တော် မူ၏။-
4 ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့။ ကိုယ်တော်သည်ငါ၏ခမည်းတော် ဒါဝိဒ်အားငါသည် ငါ၏လူမျိုးတော်အားပေး အပ်ခဲ့သည့်ကတိတော်ကိုတည်မြဲစေလေပြီ။-
5 `သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-